အချစ်၏ဖော်ပြခြင်းများ - အခန်း(၁၉)
" မီးလေး ကိုယ်အိပ်ဦးမယ်ကွာ "
" ဟို အိပ်လေ ပိုး..."
" မင်းကလှုပ်နေတော့ ကိုယ်ဘယ်လိုအိပ်ရမှာလဲကွ ငြိမ်ငြိမ်နေ ဘေဘီ "
" ဟုတ် "
" အွန်း လိမ်မာတယ် "
မွ*
ပိုး နဖူးပေါ်ကျရောက်လာတဲ့ အနမ်းတစ်ပွင့်နဲ့အတူ အကိုက ပိုးခေါင်းနဲ့မေးနဲ့ဖိကပ်ထားရင်း အိပ်စက်နေလေရဲ့...
ပိုး မြင်နေရတဲ့ အကို့ရင်ခွင်ကိုပဲကြည့်ကာ ငြိမ်သက်စွာနေပေးလိုက်တော့ အကိုက ပိုးကိုဖက်ပြီး ပြန်လည်အိပ်သွားသည် ပိုး လည်းငြိမ်နေပေးရာမှ အိပ်ငိုက်လာကာ အိပ်စက်ခြင်းသို့ တဖန်ပြန်လည်ရောက်ရှိသွားကာ...
စိုင်းထွဋ် တစ်ညလုံးလည်းမအိပ်ခဲ့ရပါ သူရဲ့ခေါင်းထဲ များစွာသော မေးခွန်းတွေနဲ့ပြည့်နှက်နေခဲ့လေသည်
" မောနင်း စိုင်းထွဋ် "
" ဟင် မိုး နင်ကအထုပ်ပိုးတွေနဲ့ ဘယ်သွားမလို့လဲ "
" မနေ့ညက ဒယ်ဒီ ဖုန်းဆက်တယ် အရေးကြီးကိစ္စရှိလို့ ချက်ချင်းပြန်လာပါတဲ့ အဲ့တာ ငါပြန်တော့မယ် "
" ငါလိုက်ပို့ရမလား "
" ရတယ် အိမ်ကလူလာခေါ်လိမ့်မယ် ဒါနဲ့ စိုင်းထွဋ် နင်ညကမအိပ်ဘူးလား "
" ဘာလို့လဲ "
" ငါ့ရှေ့မှာ ပန်ဒါတစ်ကောင်ရောက်နေလို့ဟေ့ "
" ဟာ မိုး ကလည်း "
တီတီ!!
" ကားလာပြီထင်တယ် ငါသွားပြီ အော် ဒါနဲ့ ဝေဝေ ညက အန်နေတာ သူနိုးလာရင် အမူးပြေဟင်းရည်လေးတိုက်လိုက် "
" ဟင် "
" သွားပြီ "
မိုး ကတော့ သူ့အိမ်ကိုပြန်သွားလေပြီ... ဟိုကလေးမက ညကအန်တယ်ဆိုပဲ အမူးပြေဟင်းရည် ဘာလုပ်ရမှာလဲ
" အန်တီခိုင်ရေ အန်တီခိုင် "
" လာပြီရှင့် "
" ဟို အမူးပြေဟင်းရည် လုပ်တတ်လား "
" လုပ်တတ်ပါတယ် ဘာလို့လဲ သား နေမကောင်းလို့လား "
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Romanceအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...