အချစ်၏ဖော်ပြခြင်းများ (၈)

1.3K 23 3
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း (၈)

ပိုး စားပွဲခုံပေါ်က ပန်းမရှိတဲ့ ပန်းအိုး အလွတ်လေးကို မြင်တော့ ပန်းထိုးပေးဖို့ စဉ်းစားလိုက်မိပြီး ပန်းအိုးလေးကို အောက်ထပ်သို့ယူလာခဲ့လိုက်သည်

" မိလုံး မိလုံးရေ "

" ရှင် မမပိုး လာပါပြီရှင့် "

" ဟုတ် မမပိုး ဘာလို့လဲဟင် "

" အော် မနက်က ပန်းဝယ်လာသေးတယ်မလား "

" ဝယ်လာတယ်လေ မမပိုးရဲ့ မမပိုးကြိုက်တဲ့ နှင်းဆီနီလေးတွေ "

" အဲ့တာ ပိုးကို ငါးပွင့်လောက် ပေးပါ့လား ပိုး ဒီပန်းအိုးမှာထိုးချင်လို့ "

" ရတယ်လေ မိလုံး ယူလာပေးမယ် ခနနော် "

" အွန်း ရတယ်ရတယ် ဖြေးဖြေးသွားနော် လဲနေဦးမယ် "

ပိုး မိလုံးက အလောတကြီးပြေးသွားသည်မြင်၍ စိတိပူပြီး သတိပေးလိုက်သည် ပိုး မိလုံးကို စောင့်ရင်း ဧည့်ခန်းထဲက ဆိုဖာခုံမှာ ထိုင်နေလိုက်သည်

" ရပြီ ဒီမှာ ၅ပွင့် အလှဆုံးလေးတွေရွေးယူလာခဲ့တယ် မမပိုး ပန်းက ဆူးတွေပါတယ် ဆူးမဲ့နှင်းဆီမရခဲ့လို့ ဒါပဲဝယ်လာခဲ့လိုက်တာ မမပိုး လက်ခိုက်မိလိမ့်မယ် မိလုံး ထိုးပေးမယ်လေ  ပေး မိလုံးကို ပန်းအိုး "

" ရပါတယ် မိလုံးရဲ့ မိလုံးဟင်းချက်နေရတာမလား ပြီးရင် မေလင်းလာခေါ်မှာဆိုတော့ အချိန်မမှီပဲနေပါလိမ့်မယ် "

" ဟုတ်သား မိလုံးဟင်းအိုးကြီးတန်းလန်းနဲ့ ထွက်လာမိတာ အားး သေပါပြီ "

အိမ်ကသာအသစ်ပြောင်းသွားပေမဲ့ ခါတိုင်းလိုပဲ ပြာယာခက်နေတဲ့ မိလုံးကိုကြည့်ကာ ပိုး ပြုံးရင်း ခေါင်းလေးအသာရမ်းလိုက်မိသည်

ပိုး လက်ထဲက နှင်းဆီနီလေးတွေကိုကြည့်ပြီး အကိုကြိုက်ပါ့မလားစဉ်းသားမိလေသည် ဟိုဘက်ခြံမှာတောင် နှင်းဆီနီတွေစိုက်ထားတော့ ကြိုက်မှာပါလေ ဆိုပြီးပဲ တွေးလိုက်တော့သည်

" အားး "

ပိုး နှင်းဆီရိုးတိုင်က သစ်ရွက်တွေကိုချွေရင်း လက်ကို ဆူးစူးသွားလေသည်

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now