အချစ်၏ဖော်ပြခြင်းများ (၄)

2.9K 46 0
                                    

အချစ်၏ဖော်ပြချက်များ -အခန်း(၄)

ဘာလိုလိုနဲ့ ပိုး တို့ ဝတ်စုံစမ်းဝတ်ရမယ့်ဆိုင်ကို ရောက်သွားလေသည် တစ်လမ်းလုံးတိတ်ဆိတ်စွာလိုက်လာခဲ့သည် သူကလေ ပိုးကို ဘာမှမပြောသလို ပိုး လည်းသူ့ကိုမော့တောင်မကြည့်ရဲပါ

" လာလေ ဆင်း ရောက်ပြီ "
သူက ပြောလိုက်တာနဲ့အတူ ပိုး ဘက်က တံခါးကိုလာဖွင့်ပေးလေသည်

သို့သော် ပိုး ပတ်ဝန်းကျင်ကိုကြည့်မိတော့ လူတွေအများကြီးဖြစ်သည် ခါတိုင်းလို ပိုး ဘေးမှာ ဝေဝေတို့ မေမေတို့လည်း မပါတော့ ပိုး ငိုချချင်လာသည်

" ဟေး ကြားလား ဘာတွေကြောင်နေတာလဲ ရောက်ပြီလို့ "

နေလင်းစစ်တစ်ယောက် သူပြောတာကို မကြားသလို ကြောင်နေတဲ့ကလေးမလေးကို ထပ်ခေါ်လိုက်လေသည်

သူက ထပ်ခေါ်တော့ ပိုး မရဲတရဲနဲ့ ဆင်းလိုက်ပါသည် သူဆိုင်ထဲဝင်သွားတော့ ပိုး သူ့နောက်ကနေလိုက်သွားသည် သူက အရပ်ကလည်း ပိုးထက် အရမ်းမြင့်ပြီး ခြေထောက်ရှည်တော့ သွားတာအရမ်းမြန်သည် ပိုး သူ့ကိုမှီဖို့ ခြေလှမ်းသေးသေးလေးတွေကိုအရှိန်တင်လိုက်သည် သို့သော်

" အား သေပါပြီ "

နေလင်းစစ် သူဘဏ်ကဒ် ကားထဲမှာကျန်ခဲ့တာသတိရလို့ ရပ်လိုက်တာ နောက်ကျောကနေ ဝင်စောင့်လာတဲ့အထိတွေ့ကိုခံစားရလို့ လှည့်ကြည့်မိသည်

နဖူးကို လက်နဲ့စမ်းပြီး ရှုံ့မဲ့နေတဲ့ သူမလေးကိုမြင်မိတော့ သူရယ်ချင်သွားသည်

ပိုး သူ့နောက်မှီအောင်လိုက်ရင်း သူကဘာလို့ရပ်လိုက်မှန်းမသိ ပိုး နဖူးနဲ့ သူ့ကျောကိုဝင်စောင့်မိသည် ပိုး နဖူးလေးပွတ်ရင်း သူ့ကိုမော့ကြည့်တော့ ပိုးကိုငုံ့ကြည့်နေတဲ့ သူ့မျက်ဝန်းတွေနဲ့ စုံမိကာ ပိုး သတိလက်လွှတ်ငေးနေမိသည်

" အဟွန်း ဟွန်း ကိုယ် ကားထဲ ဘဏ်ကဒ်ကျန်ခဲ့လို့ မင်းအရင်ဝင်ပြီး ကြိုက်တာရွေးထားလိုက် "

နေလင်းစစ် သူ့ကိုစိုက်ကြည့်နေတဲ့ သူမက သူနဲ့စတွေ့တဲ့နေ့ကလိုပဲ မျက်လုံးတွေက သူ့ဆီမှာပဲအကြာရီးကပ်နေတော့ နေရခက်လာကာ အရှက်ပြေချောင်းဟန့်မိသည်

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now