အချစ်၏ဖော်ပြခြင်းများ - အခန်း(၁၂)
ပိုး လူအုပ်နဲ့အတူ အဝေးကြီးထိ ရောက်လာခဲ့သည် တဖြေးဖြေးနဲ့ ပိုး ကြိုးစားရုန်းရင်း လူအုပ်ရဲ့ အပြင်ဘက်ကို ရောက်လာခဲ့သည် သို့သော် ဘယ်နေရာရောက်သွားမှန်း ပိုးမသိပါ ကစားကွင်းထဲမှာလည်း မဟုတ်တော့ဘူး ဘေးပတ်ဝန်းကျင်မှာလည်း လူသိပ်မရှိတော့ဘူးဖြစ်သည်
" အ့ ကျွတ်ကျွတ် "
ပိုး ရုတ်တရက်နာကျင်မှုကိုခံစားမိသွားသောကြောင့် ကြည့်လိုက်ချိန် ခြေချင်းဝတ်က အလွန်နီရဲနေလေသည်
ပိုး အကို့ဆီဖုန်းဆက်ဖို့ အိတ်ထဲက ဖုန်းကိုယူဖို့ကျန်တော့ ဖုန်းကိုမတွေ့ဘူးဖြစ်နေကာ
" ဟင် ဘယ်ကျန်နေခဲ့တာလဲ အာ..သွားပါပြီ "
ပိုး အကို့နံပါတ်ကိုမှတ်နေတုန်း ဖုန်းကိုလက်ကကိုင်ထားမိလေသည် ခုတော့ ပိုးရဲ့ဖုန်းဟာ ဘယ်နားမှာဘယ်လိုကျကျန်ခဲ့မှန်း ပိုးမသိတော့
ပိုး ဘာလုပ်ရမယ်မှန်းမသိကာ အကျပ်ရိုက်နေချိန် လမ်းမီးတိုင်က မီးကမှိတ်သွားလေသည်
" ဟင် "
ပိုး ခုနကမှ သရဲအိမ်ထဲက ထွက်လာတာဖြစ်သောကြောင့် ကြောက်ရွံ့မှုတို့က ပိုး စိတ်ထဲမှာလွှမ်းမိုးနေလေ၏
" အဟင့် ဟင့် အီးး ဘယ်လိုလုပ်ရပါ့မလဲ "
ပိုး ဘာလုပ်ရမယ်မှန်းမသိကာ ငုတ်တုပ်ထိုင်ကာ ငိုနေမိသည် သူ့အဖြစ်က မိဘတွေနဲ့ကွဲပြီး လမ်းပျောက်နေတဲ့ကလေးပမာ
နေလင်းစစ် ရေဝယ်ပြီး ပြန်လာခဲ့လေသည် သို့သော် ခုနက သစ်ပင် အောက်မှာ မီးပိုးအိမ်ကို မတွေ့တော့ပါ
" ဟာ မီးပိုးအိမ် ဘယ်ရောက်သွားတာလဲ "
နေလင်းစစ် အနီးနားတွေကိုပတ်ရှာကြည့်လေသည်
" မီးပိုးအိမ် မီးပိုးအိမ် "
သူဘယ်လောက် အော်ရှာရှာ သူမလေးကို မတွေ့ပါ သူစိုးရိမ်စိတ်တို့ မြင့်တက်လာလေပြီ
" ကျစ် ဘယ်ရောက်သွားတာလဲကွာ စောင့်နေပါလို့ပြောရက်နဲ့ "
" ဖုန်း ဟုတ်တယ် ဖုန်းဆက်ကြည့်ရမယ် "
YOU ARE READING
အချစ်၏ဖော်ပြခြင်းများ ( Completed )
Lãng mạnအရှက်အကြောက်ကြီးလွန်းတဲ့ မီးပိုးအိမ်ဆိုသောသူမ နဲ့ တည်ကြည်ရိုးသားအလုပ်ကလွဲမသိ အချစ်ရေးဆိုစိတ်မဝင်စားတဲ့ နေလင်းစစ် ဆိုသောသူ လက်ထပ်ဖို့ဖြစ်လာသောအခါ ယောက်ျားဖြစ်သူကိုချစ်နေမိပေမဲ့ ယောက်ျားဖြစ်သူကိုကြောက်ပြီး စကားတောင်မပြောရဲတဲ့ သူမ ဘယ်လိုများ ယောက်ျားဖြ...