အချစ်၏ဖော်ပြခြင်းများ (၂၀)

2.5K 44 0
                                    

အချစ်၏ဖော်ပြခြင်းများ - အခန်း(၂၀)

ဒီနေ့တော့ မြန်မာပြည်ပြန်ဖို့‌အချိန် ကျရောက်လာခဲ့လေပြီ...

" ငစစ် မင်းတို့လေဆိပ်သွားနှင့်လိုက်ကြ ငါနောက်ပြီး လိုက်လာခဲ့လိုက်မယ် "

" အေးပါ အဲ့တာဆို သွားနှင့်မယ် "

" မီးလေး သွားကြရအောင် "

" ဟုတ် အကို "

စကားသံအဆုံး အကိုက ပိုးလက်ကို ညင်သာစွာ ဆုပ်ကိုင်လာလေသည်

" ဝေဝေ သွားကြမယ် "

ကိုကို... ဝေဝေ ကိုကိုနဲ့ ခွဲရတော့မှာလား ဝေဝေကားထဲရောက်တော့ ကိုကို့ကို လည်ပြန်ကြည့်မိသည် ကိုကိုကတော့ ပြုံးပြုံးလေး လက်ပြနေ‌သည်...

ကိုကိုက တကယ်ပဲ ဝေဝေနဲ့ ပတ်သက်ပြီး ခံစားချက်မရှိဘူးလားဟင်

လေဆိပ်ရောက်သော်....

" လာမီးလေး ဆယ်မိနစ်လောက်တော့ လိုသေးတယ် လေယာဉ်ပေါ်တက်နှင့်မလား ဒီမှာနေဦးမလား "

" လေယာဉ်ပေါ်ဘဲ နေရအောင်လေ အကို ဒီမှာက လူတွေအရမ်းများတော့ ဟို.. "

" ဟုတ်ပါပြီဗျာ အဲ့တာဆို သွားစို့ "

နေလင်းစစ် ဖုန်းနဲ့ စိုင်းထွဋ်ကို မက်ဆေ့ခ်ျ ပို့လိုက်သည်

" ငစိုင်း ငါလေယာဉ်ပေါ်တက်နှင့်မယ် မင်းလေဆိပ်ထဲရှာနေမှာစိုးလို့ "

" ဝေဝေ လာ "

ပိုး ဝေဝေ လက်ကို ဆွဲပြီး အကို့နောက်ကို လိုက်လာခဲ့သည်

ဝေဝေကတော့ နောက်ကိုလှည့်ကြည့် လှည့်ကြည့်နှင့် ပိုး လက်ထဲ အရုပ်လေးလို ပါလာသည်

လေယာဉ်ပေါ်ရောက်ပြီး ထိုင်တော့လည်း အလာတုန်းကလိုပဲဖြစ်သည်...ပိုးနဲ့ကိုနေလင်းစစ်ကတော့ အတူတူထိုင်ပြီး.ဝေဝေကတော့ မှန်ကနေ အပြင်ဘက်ကိုကြည့်‌ေနရင်း....

" ကိုကို ကိုကိုဘာလို့ လေဆိပ်အထိတောငိ လိုက်မပို့ရတာလဲ...ကိုကိုကလေ အရမ်းရက်စက်တာပဲ "

ဝဲတက်လာတဲ့ မျက်ရည်တွေကို ဝေဝေ မသုတ်မိပါ...ကျပါစေ ကိုကို့အတွက်ပဲဟာ ဒီမျက်ရည်တွေ ကျလည်းကျပါစေ...ဟင့်

အချစ်၏ဖော်ပြခြင်းများ ( Completed )Where stories live. Discover now