အပိုင်း ၂၂

400 29 2
                                    

သျှားတို့အဖွဲ့တွေအပြင် နှောင်းအပါအဝင် ခရီးတစ်ခုသွားဖို့တိုင်ပင်ကြသေးသည်။ ကျောင်းပိတ်ရက်ဆိုတော့ သွားသင့်သည်လေ။ သူတို့လည်းအပြင်မထွက်ဖြစ်ကြတော့ အကြောင်းကရှာကြသေး။ ရှိုင်းကသူ့အဖေနဲ့အဒေါ်ရွာကို သွားချင်သည်ဟုပြောသည်။ တောရွာဘက်ဆိုတော့ သူတို့အနေနဲ့ အနေခက်မည်။ ရွာဘက်တွေကမသွားဖူးကြတော့ တော်တော်လေးလေ့ကျင့်ယူရမည်။ မီးသီးတောင်မရှိတော့ သူတို့အတွက် သိပ်တော့အဆင်မပြေ။ ဒါပေမယ့် ရှိုင်းကသွားချင်အောင် အမျိုးမျိုးမြှူဆွယ်သည်။ စဉ်းစားကြည့်ပြန်တော့ တောရွာဘက်မှာဆိုရင် အထူးအဆန်းလေးတွေလုပ်ရပြီး သဘာဝအရသာကိုခံစားရမှာသေချာသည်။ ရှိုင်း အကြံဉာဏ်ကို နှောင်းနဲ့နှင်းကလက်ခံသည်။ ကျန်တဲ့သုံးယောက်ကသာ အင်တင်တင်ရယ်။ သျှား အရင်ကရွာဘက်သွားချင်ခဲ့ပါသည်။ တကယ်ကြီးသွားရမယ်ဆိုတော့ ရွေးချယ်ရခက်ခဲသည်။

"ကဲ ဒါဆိုလည်း ရှိုင်းသဘောပဲပေါ့"

သွ်ား နောက်ဆုံးတော့အရှုံးပေးလိုက်သည်။ သူ့မိန်းကလေးကလည်း သွားချင်သည်တဲ့လေ။

"ရှိုင်း မင်းအဒေါ်ကိုရောခေါ်လာမှာလား"

"အဒေါ်ကမလိုက်ဘူးတဲ့ ဟန်ရဲ့ ဒါပေမယ့် ရွာမှာရှိတာတွေ ငါအကုန်မေးခဲ့မယ် စိတ်ချ"

ရှိုင်းကိုတော့ယုံပါသည်။ ရှိုင်းကဒါမျိုးဆိုစိတ်ချရသည်လေ။ အဲ့လိုနေရာမျိုးမှာမသွက်တာက ဟန်လင်းသက်ပေါ့။

နောက်တစ်ပတ်သွားကြမှာဖြစ်တာကြောင့် အခုတည်းကကြိုတင်ပြင်ဆင်ထားရသည်။ အိမ်ကမိဘတွေက ပြောစရာမလိုလောက်အောင် စိတ်ချပြီးသားမလို့ ပူပင်စရာရယ်မရှိပါ။ သူတို့၅ယောက်က အိမ်ပိုင်တာရယ်တော့မဟုတ်ပါ။ ငယ်ငယ်တည်းက စည်းလုံးညီညာတဲ့အဖွဲ့မလို့ လူကြီးကစိတ်ချတာဖြစ်သည်။ မီးမရှိတာကြောင့် ဓာတ်မီးတွေ မီးအိမ်တွေကတော့ တစ်ရှိသဖြင့်ယောက်တစ်လုံးထည့်လာရသည်။ ဖုန်းတွေပါအကုန် အားသွင်းလို့ရတဲ့နေရာရှိသည်လို့ အန်တီခေကပြောသည်။ အဲ့တော့မှ ၆ယောက်သား တစ်ခုပူစရာမလိုတော့သည်။ ရွာဘက်နဲ့ပတ်သတ်ရင် ဧည့်ဝတ်မကြေစရာ အကြောင်းမရှိသဖြင့် နေရေး ထိုင်ရေး သွားရေး လာရေးကတော့ စိတ်ပူစရာမလို။ အခုကတည်းကလိုအပ်တာတွေ ကြိုဝယ်ထားလိုက်ကြပြီး သတိထားသင့်တာတွေကိုလည်း မှတ်ထားရသည်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now