ဆယ်တန်းစာမေးပွဲကြီးဖြေပြီးကြပြီး ခေါင်းလောင်းသံကြားတာနဲ့ ကျောင်းသားတွေ အလျှိုလျှိုထွက်လာကြသည်။ သျှား တို့အဖွဲ့ကတော့ မျက်နှာထက်ဝယ် အပြုံးလေးတွေနှင့် ရွှင်လန်းလို့နေသည်။ ဘာမှလည်းမဟုတ်ပဲ တစ်နှစ်ဆိုတဲ့အချိန်ကာလက ကုန်သွားပြန်သည်။ အသက်လည်းတစ်နှစ်ထက်ကြီးလာပြီဖြစ်သလို တက္ကသိုလ်ကျောင်းသားကြီးတွေလည်း ဖြစ်တော့မည်။
"ပြောကြ ဘယ်သွားချင်ကြလဲ"
ဒီစကားကိုတော့ သျှား အရင်စလိုက်သည်။ သူတို့ကတစ်ခုခုဆိုတာနဲ့ တစ်နေရာရာသွားရမှလေ။
"ရေကူးကန်သွားမယ်ကွာ ဘာညာပေါ့"
ဟန့် စကားကို သဘောပေါက်တဲ့ သျှား ကမျက်ခုံးပင့်ပြလိုက်သည်။
"သဘောတူတယ်မလား"
အကုန်တူခေါင်းညှိမ့်ကြတာကြောင့် သျှား ကိုယ်တိုင်ပါဝင်သောက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ အိမ်သူလေးကိုလည်း ခွင့်တောင်းရအုံးမည်။ ရလို့ရငြားပေါ့။
အိမ်သူဆိုကာမှ သျှားနဲ့နှောင်းတွဲတာ တစ်ပတ်ရှိလေပြီ။ အိမ်ကလူကြီးတွေလည်းသိသလို ဟန်တို့ကိုလည်းအသိပေးလိုက်သည်။ ယောက်ဖတော်ရမယ့် ဟန်တောင် အံဩလို့မဆုံး။ ဟန် အံဩလည်းအံဩချင်စရာ နှောင်း ကဆိုင်းမဆင့်ဘုံမဆင့် ပြောချတာကို။ သျှား ပါမယုံကြည်နိုင်ဖြစ်သွားရသည်။ သူ့ရှေ့မှာမယုံသလိုဖြစ်နေပြန်ရင်လည်း စိတ်ကကောက်သေး။
တွဲဖြစ်ခဲ့တဲ့ တစ်ပတ်အတွင်း ကိုယ့်အလုပ်နဲ့ကိုယ်မလို့ စကားတောင်သိပ်မပြောဖြစ်ကြ။ စာမေးပွဲပြီးပြီဆိုတော့ တောက်တဲ့လို တွယ်ကပ်တော့မည်။
"နော် နော်လို့"
"သွားလေ နောက်မကျစေနဲ့"
"ရက်စား!! မောင် စောစောပြန်လာခဲ့မယ်"
ခွင့်ပြုချက်ရသည်နှင့်တပြိုင်တည်း ခြေလှမ်းတို့သည် ကားရှိရာကိုဦးတည်လိုက်သည်။
"အခုသွားမလို့လား ၃နာရီပဲရှိသေးတယ်နော်"
"အမ် ဟုတ်တယ်လေ အဲ့တာမှစောစောပြန်လာလို့ရမှာပေါ့ဗျ"
YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]
Short Story~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~