အပိုင်း ၁၂

389 31 0
                                    

"ဘာလိုလိုနဲ့သီတင်းကျွတ်တောင်ရောက်ပြီပဲ"

မနက်စောစောအိပ်ရာနိုးတာနဲ့ ကောင်းကင်ကိုကြည့်ပြီး လရိပ် ပြောလိုက်မိသည်။ နောက်တော့အကြံတစ်ခုရသွားပြီး ဖုန်းကိုင်ကာ group chat ထဲသွား video call ခေါ်လိုက်တော့ အကုန်လုံးကကိုင်ကြသည်။ ဟန်၊ သျှား၊ ရှိုင်းတို့ကတော့ အိမ်ချင်မူးတူးရုပ်တွေနဲ့ နှင်းတစ်ယောက်ကသာ ရေချိုးပြီးပုံပေါ်သည်။ စကားမစပ် လရိပ်လည်းမျက်နှာမသစ်ရသေးပါ။

လရိပ် - "ဟဲ့ နင်တို့ထကြတော့ "

သျှား - "ဘာလဲ အစောကြီးရှိသေးတာကို"

ဟန် - "အေးလေ ၆နာရီတောင်မထိုးသေးဘူး"

ရှိုင်း - "ဘာကိစ္စရှိလို့လဲ မရှိရင်ငါပြန်အိပ်မယ်"

နှင်းတစ်ယောက်ကသာ ကြောင်တောင်တောင်လေးနဲ့ သူတို့ပြောသမျှကိုလိုက်၍ ကြည့်နေသည်။

လရိပ် - "နေကြပါအုံးဟ ဒီနေ့သတင်းကျွတ်လေ ဘုရားသွားကြမယ်"

ဘုရားဆိုတဲ့အသံကြားတာနဲ့ အိပ်ချင်ပြေသွားပုံပေါ်တဲ့ သျှားက

သျှား - "ညဘက်မှသွားပါလား ဆီမီးပူဇော်ရင်းဆိုတော့ ကောင်းတာပေါ့"

နှင်း - "သျှားပြောတာကောင်းသားပဲ အစ်မတေးသံစဥ်လည်းခေါ်ခဲ့ပါလား သူပါတော့ပိုကောင်းသလားလို့"

ဟန်လည်းနှင်းနဲ့ အတွေးတူပါပဲ။ နှင်းကိုသတိထားမိတာကြာပြီ မမနှောင်းကို သူသဘောခွေ့နေပုံရ၏။

သျှား - "စိတ်ချ သူမပါရင်ငါဘယ်မှမသွားဘူး"

ပြောပြီး ဖုန်းအရင်ချလိုက်တဲ့ သျှားကြောင့် အားလုံးလည်း ညမှသွားဖို့ပြင်လိုက်ကြသည်။ အိပ်တဲ့သူကအိပ် နိုးတဲ့သူကထနဲ့ အလုပ်ကိုယ်စီပါပဲ။ သျှား အောက်ထပ်ကိုဆင်းလာတော့ မနက်စောစောအပြင်ကိုသွားဖို့ ကြံနေတဲ့ ကိုကိုကြောင့်

"ကိုကို ဘယ်ကိုလဲ"

"အာ...နေသော်လေးနိုးပြီလား ကိုကိုနောင် ကားလေးဝယ်မလို့လေ ဒီနားဟိုနားဆို သွားလို့ရအောင်"

ပြန်ရောက်ကတည်းက ကပ်မချွဲရသေးတဲ့ ကိုကိုနောင်ကို သျှား ဖက်လိုက်မိ၏။ သျှား မမြင်မိတဲ့ အနောက်ကတစ်ယောက်ကတော့ လက်ကြီးပိုက်ကာ မျက်မှောင်ကြုတ်ပြီး ကြည့်နေလေသည်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now