အပိုင်း ၂၄

470 35 0
                                    

"အေးလိုက်တာ နှောင်းရင်ခွင်လေးလိုပဲ"

လယ်ကွင်းရဲ့တည့်တည့် လည်စောင့်တဲလေး၏ အပေါက်ဝ၌ထိုင်ကာ ပြောလိုက်သည်။ လေပြင်းတွေ အရမ်းတိုက်ခတ်လေတော့ တိုးတိုးလေးပြောတာတောင် ကိုယ့်ဘာသာပြန်မကြားရပါ။

သူတစ်ယောက်ထဲလားဆိုတော့ ဟုတ်သည်။ တစ်ယောက်ထဲ မကြောက်မရွံတက်ရဲတာကို။ လယ်စောင့်တဲပေါ်ကနေ အကုန်မြင်နေရသည်။ ကွပ်ပစ်မှာထိုင်နေတဲ့ ၅ယောက်ရောပေါ့။ မမနှောင်းနဲ့အကြည့်ဆင်းစုံတော့ မျက်နှာလွှဲသွားသည်။ မောင့်မိန်းကလေးရဲ့အကျင့်။

သျှား ယနေ့ပုဆိုးဝတ်ထားသည်။ တစ်ခါတစ်လေတော့ ရွာသားဆန်ဆန် နေကြည့်စမ်းချင်သည်လေ။ ရွာမှာနေပြီး ရွာလိုမနေရင် လာရကျိုးဘယ်နပ်ပါ့မလဲ။ အပေါ်ထပ် ရှပ်အင်္ကျီကိုလည်း အောက်ခံတီရှပ်လေးခံပြီး ဝတ်ထားသည်။ သူကြီးဆီက လယ်ခမောက်ဆောင်းကာနေတော့ ဖြတ်သွားဖြတ်လာ မိန်းမပျိုလေးတွေက ကွက်ကြည့်ကွက်ကြည့်လုပ်၏။

~ မိုးရေတက်ရေ တဖွေးဖွေး
    ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
   မိုးကုတ်အောက်မှာတည်
  ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
      တဲနှင့်ပနံတင့် ~

"အဲ့လယ် ရသားပဲဟ"

လွန်ခဲ့တဲ့ ၇နှစ်လောက်ကစာကို မှတ်မိနေသေးတော့ သူ့ကိုယ်သူပြန်ပြီး ချီးမွန်းရသေး။

လယ်စောင့်တဲလို့ မပြောရလောက်အောင် အတော်ပင်ရှည်သည်။ သျှားဆိုပင် အောက်ကိုငုံ့တောင်မကြည့်ရဲ့။ သို့သော် အပေါက်ဝမှာနေသည်က စတိုင်ကျချင်လို့ရယ်။ အမြင့်ကြောက်တတ်တဲ့ သူတွေချည်းပဲဆိုပေမယ့် သျှား ဒါမျိုးဆိုရင် စွန့်စားရဲသည်။ နှောင်းရဲ့မောင်က နှောင်းအားကိုးရမယ့် လူတစ်ယောက်ဖြစ်ရမယ်လေ။

"မမနှောင်း"

နှောင်း ကြားပါသည်။ မကြားချင်ယောင်ဆောင်၏။
လေတွေကြောင့် အသံဟာ ဝိုးတိုးဝါးတားတွေဖြစ်နေသည်။ သျှား တကယ်မကြားဘူးလို့သာ ထင်နေ၏။
အသံကိုပို၍ မြှင့်စေရန် လက်ဝါးနှစ်ဖက်ကို ပါးစပ်၌ကပ်၍

"အစ်မတေးသံစဥ်နှောင်းကို ချစ်တယ်ဗျို့"

ထိုအချိန် ဖြစ်ပေါ်သွားသည်က နှောင်းအပြုံးလေး။
မောင် ချစ်တယ်လို့ပြောတိုင်း နှောင်း သွားစွယ်လေးကဖုံးဖိလို့မရပါ။ မောင်ကထူးဆန်းတဲ့ လူသားလေးမဟုတ်လား။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now