အပိုင်း ၃၈

316 22 0
                                    

"အရှေ့အရပ်၌ရှိသော အန္တစကြာဝဠာ အနန္တသတ္တဝါတို့
ဘေးရန် ခပ်သိမ်း...."

"ဘာလုပ်နေတာလဲ"

နှိပ်ခါနီးမှ လရိပ်ကပေါ်လာတော့ လက်တွန့်သွားသည်။ အဓိကအချိန်ဆို အဖြတ်သမား။ ရည်းစားလေးမို့ မပြောရက်တော့ပါဘူး။

"skinဖောက်မလို့"

"skinဖောက်တာ ဘုရားစာရွတ်ရမယ်လို့ ဘယ်သူပြောလဲ"

"ရှိုင်းသုတဥာဏ် ပြောတယ်ဗျာ။ ကံကောင်းအောင်လို့ ဘုရားစာရွတ်နေတာ"

"ဟုတ်လား ပြစမ်း"

ဂိမ်းသာမဆော့တတ်တာ ဘေးနားကအမြဲကြည့်နေလို့ skin hero ဘာညာလောက်တော့သိ၏။ သူ့ဆိုဖာပေါ်ကိုပြောင်းကာ ဖုန်းကိုအတင်းကဲကြည့်နေသည်။ အနားကပ်လေကောင်းလေဆိုတော့ ရှိုင်းလည်း ငြိမ်နေလိုက်သည်။

"Diamondတွေ အများကြီးထည့်ထားတာပဲ"

"စုထားတာလေ"

"ငါဖောက်ချင်လို့ ရလားဟင်"

အကုန်ဝင်ပါနေတဲ့ ဟာမလေးကို ဂေါ်နဲ့သာ ကော်ထုတ်ချပြစ်ချင်၏။ နေရာတကာ ပါလေရာငါးပိချက်။

"ဟိုလေ...အဲ့တာကြတော့"

"ဘာလဲ! မရဘူးပေါ့"

"ရတယ်လို့ လရိပ်ညိုရဲ့ သဘောပါဗျာ"

"ဟီးဟီး"

သူလိုချင်တာရရင် ရုပ်ကပြောင်းတတ်တာ အကျင့်လိုကိုဖြစ်နေတာ။ အမြင်ကပ်စရာလေး။ အယ် ဘယ်ဟုတ်ပါ့မလဲ။ ချစ်စရာလေး။

"ရှိုင်း ရှိုင်း skinတွေပေါက်တယ်"

"skinဖောက်ပါတယ်ဆို skinမပေါက်လို့ နင့်မေလင်ကြီးပေါက်ရမှာလား"

"ငါ့အဖေကပါလို့လား ဂိမ်းထဲမှာ"

"ရွဲ့ပြောနေတာဟေ့။ ဖယ်စမ်းပါဟာ။ ငါ့ဟာငါဖောက်မယ်။ luckyလည်းမကောင်းဘူး။"

"နင်ကမှဘူပိတ်မှာ"

"တိတ်စမ်း! ဥုံ မနောစက်စက် ဂုတင်မဖုံး သက်...."

"ဟဲ့ ညကကြည့်တဲ့ကားနဲ့ ရောနေတယ်"

ဟုတ်သားပဲ။ သူလုပ်မှယောင်ကုန်တော့တယ်။ ညကတူတူကြည့်ကြတဲ့ မြန်မာဟာသကားထဲက မန်းနဲ့ရောကုန်ပြီ။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now