အပိုင်း ၇

471 33 0
                                    

"ဝှားးး ပျင်းလိုက်တာ အစ်မနဲ့တွေ့ရရင်ကောင်း....."

"ဝါးးးးး"

"အမလေး မြတ်စွာဘုရား ပိုးမမှီသာနဲ့ ငါနဲ့ညား အယ် မဟုတ်ပါဘူး"

သျှား ပါးစပ်ကရောင်ထွက်သွားလို့ လက်ကိုအမြန်ပိတ်လိုက်ပေမယ့် လရိပ် ကစူးစိုက်ပြီးသေချာကြည့်နေတော့ မလုံမလဲဖြစ်လာသည်။ ပါးစပ်ကရောင်ထွက်သွားတာဆိုတော့ ဘာထွက်မိလိုက်မှန်းမသိလိုက်။

"လရိပ် နင်ကဘာကြည့်နေတာလဲ"

"နင်ကရောဘာဖြစ်နေတာ"

"ဘာမှမဖြစ်ဘူးလေ နင်ကဘာလာလုပ်တာ"

"စာမေးမလို့"

စာအုပ်ကြီးကိုမြှောက်ပြမှသာ သက်ပြင်းချနိုင်သည်။

"ဘာမေးမလို့လဲ"

"သင်္ချာလေ နင့်ကိုမေးစရာ သင်္ချာပဲရှိတယ်"

အဖွဲ့ထဲမှာ အတွက်အချက် အကောင်းဆုံးနဲ့ ဖြတ်ထိုးဥာဏ်အကောင်းဆုံးက သျှားနေသော်မောင်ပါ။

"တီချယ်ပေးတာတွေ ငါနားမလည်တာလည်းရှိတယ်နော်"

"အေးပါဟယ် အရင်ကြည့်ပြီးမှပြော"

လရိပ်ပြတဲ့အပုဒ်က နားလည်သည်မို့ ခနလေးအတွင်း ရှင်းပြလိုက်သည်။ ဒင်းလေးက နောက်တစ်ပုဒ်ပါ နားမလည်ဘူးဆိုလို့ ကြည့်လိုက်တော့ သျှားလည်းနားမလည်ပါ။

"ဒါကို ငါလည်းနားမလည်ဘူးဟ"

"ဟင် နင်လည်းမသိဘူးလား"

"အေး ငါညနေသင်တန်းကြမှ တီချယ့်ကိုအကူညီတောင်းလိုက်မယ်"

လှည့်ထွက်မည်ကြံနေတဲ့ သျှား ဂုတ်အင်္ကျီကိုလှမ်းဆွဲလိုက်သည်။ မှီရာဆွဲခေါ်ဆိုသလိုပေါ့။ တကယ်က (လိုရာဆွဲသွင်း)ပဲရှိတာပါ။ လရိပ်ကအရပ်ပုလို့ အဲ့လိုပြောကြတာပါနော်။

"ဘာတုန်း"

"နင် အစ်မတေးသံစဥ်နှောင်းနဲ့ သင်ရမှာမဟုတ်ဘူးလား"

သူပြောမှစဥ်းစားမိသည်။ ဒီနေ့ကစပြီး အစ်မတေးနဲ့သင်ရတော့မည်။ နှာဖူးထိပ်မှ ချွေးပေါက်လေးတစ်စက်ကျလာပြီး နှလုံးခုန်နှုန်းတွေ အနည်းငယ်မြန်လာတာကိုပါ သတိထားမိသည်။ သျှား ရာသီဥတုကြောင့်လို့သာ ယူဆမိ၏။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now