အပိုင်း ၁၀

610 40 2
                                    

"မမနှောင်း မမနှောင်း...ထတော့လေ နောက်ကျနေပြီ"

မနက်စောစောမှာ မမနှောင်းရဲ့ သဘာဝအလှလေးကိုမြင်တွေ့ရတာ နိဗ္ဗာန်ဘုံ အလား။ ဖြူဖြူဝင်းဝင်း မျက်နှာလေးမှာ ညကအရှိန်ကြောင့် အနီရောင်သန်းနေတာလေးက မပျောက်သေးသည့်အပြင် ပြတင်းပေါက်မှ ဖြာကျလာသော နေရဲ့အလင်းရောင်တို့နှင့် အလှတရားဟာ ရောယှက်နေသည်။ ခါးလောက်ထိရှည်လျားတဲ့ ဆံနွယ်တို့ဟာလည်း ရှုပ်ပွနေသည်။ သို့သော် ဘယ်လိုနေနေချစ်စရာကောင်းပါသည်။ မမနှောင်း မလို့ ဖြစ်မည်။ သျှား နိုးနိုးချင်း ၁နာရီလောက်တိတိ ငေးမောပြီးမှသာ အစ်မတေးကိုနှိုးချင်းပါ။ မနက်အိပ်ရာနိုးတာနဲ့ ရင်ခွင်ထဲမှ သဘာဝအလှလေးကို အရင်ဦးဆုံး မြင်တွေ့ရသည်မှာ ဘာနဲ့မှမလဲနိုင်။

မနိုးသေးပဲ မျက်လုံးကိုအတင်းအားယူဖွင့်နေသည်မှာ သျှားထက်တောင် ချစ်စရာကောင်းပေအုံးမည်။

"ဟင် ဘယ်အချိန်ရှိပြီလဲ"

"၆နာရီ"

"အစောကြီးရှိသေးတာကို"

နှောင်း ညကအရမ်းလည်းမသောက်မိပါပဲ ခေါင်းတွေကိုက်နေသည်။ မသောက်တာကြာလို့ထင်ပါရဲ့။

"ဟမ် အပြင်သွားစရာမရှိဘူးလား"

"မရှိပါဘူး မစ်ကိုလေးရယ်"

မရှိလည်း ထရမှာပါပဲ။ တေးသံစဥ်နှောင်းဆိုတာ ဘယ်တုန်းက အိပ်ပုတ်ကြီးလို့လဲ။

"နေမကောင်းဘူးလား"

"ကောင်းပါတယ် ခေါင်းမူးနေတာ ရေသွားချိုးလိုက်အုံးမယ်"

ခုတင်ဘေးကနေတစ်တွတ်တွတ်ထိုင်ပြောနေတာကို နှောင်း ပြန်ဖြေပေးသော်လည်း အခုထိမျက်လုံးပေါက်မဖွင့်ရသေးပေ။ မျက်လုံးကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရင်း အတင်းအားယူထကာ ရေချိုးခန်းနားအရောက်။

"အာ့..."

စောင်ခေါက်သိမ်းနေရင်းမှ ထွက်ပေါ်လာတဲ့ မမနှောင်းရဲ့အသံလေးကြောင့် သျှား အမြန်ပြေးသွားလိုက်တော့ သူလေးက ချော်လဲနေသည်။ ကျော်ခွသွားပြီး ကြည့်ကြည့်တော့ ဘာဒဏ်ရာမှမတွေ့။ တော်သေးသည်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now