တစ်ယောက်တည်း အထီးကျန်နေသည့် ပိစိပေါက်စလေးက မည်သူမှမရှိတဲ့ တိုက်အိမ်ကြီးထဲရဲ့ အမှောင်နက်ထဲမှာ တစ်ကိုယ်တည်းဝင်နေသည်။ ကျယ်လွန်းလှသည့် ခြုံဝန်းကြီးထဲကိုတောင် မဆင်းဝံံ့။
အလိုလိုမှမဲပါတယ်ဆို အမှောင်ထဲဝင်နေသည်။ တော်တော်ရှာရခက်လိုက်သည့် မီးသွေးခဲလေး။
"အခဲလေး ပျင်းနေမှာပေါ့"
မီးသွေးခဲလေးက ပိန်သွားချင်မရှိ။ နှောင်းအစားစာကို ပုံမှန်လုပ်ပေးထားသည်။ လူမရှိတောင် သင်ပြထားသည်မို့ မီးသွေးခဲလေးက သူ့ဟာနှင့်သူတော့ အဆင်ပြေပါသည်။ လူမရှိလို့လည်း အခွင့်ရေးမယူတတ်။ 'ညှောင်'လို့အော်တိုင်း ဝိုင်းစက်လာတဲ့ မျက်လုံးလေးတွေက ချစ်စရာအတိ။
"မမ မရှိတော့ ပျင်းနေပြီပေါ့။ ဒီနေ့အသေးလေးကို မမရဲ့ကလေးလေးလိုက်ပြမယ်"
ခေါင်းလေးစောင်းကာ ကိုင်ထားသည့်လက်လေးကို လျှာနဲ့ယက်နေသည်။ မရှိ ရှိတဲ့ နားရွက်ဖျားလေးကို ဆွဲကိုင်ရသေး၏။ လုံးလုံးဝိုင်းဝိုင်းခေါင်လေးကို ဖွဖွလေးနမ်းမိသည်။ အမွှေးထူထူနဲ့ မီးသွေးခဲလေးက လူမြင်တိုင်း ချစ်ကြတာကြီးပဲ။
"တေးသံစဥ်နှောင်း"
ဒီနေ့တစ်နေကုန်နေမှ ဖြစ်ပေါ်လာသည့် အပြုံးရယ်ဆိုလို့ မီးသွေးခဲလေးကြောင့်ပဲ ရှိသေးသည်။ ထိုအသံကြောင့် ပျက်ပြယ်သွားရ၏။
အိမ်ပေါ်လှေကားရမ်းကနေ လှမ်းအော်လိုက်ပြီး အင်္ကျီလက်ကိုခေါက်တင်ကာ ခပ်မိုက်မိုက်စတိုင်ဖြင့် သက်ဆင်းလာသည်။ မောင့်လောက်တော့ ခန့်ညားမှုရှိပါ့မလား။
"သမီးတေး"
"ဟုတ်ကဲ့"
"ဒယ်ဒီ ဒီနေ့ည အစည်းဝေးပွဲကို တက်ရမှာ။ သမီးလည်းလိုက်ခဲ့"
"မောင့်ကိုကြည့်ရအုံးမယ် နှောင်းမှာအချိန်မရှိဘူး"
ဘာပြောပြော အဲ့ကလေးပါနေကတည်းက မြတ်သောတေး စိတ်အလိုမကျတော့ပေ။ ငါ့သမီးကို ဘာတွေများလုပ်ထားတာပါလိမ့်။
"ရှယ်ယာရှင်တွေရဲ့သားနဲ့ သမီးကိုမိတ်ဆက်ပေးမလို့"
"စိတ်မဝင်စားပါဘူး၊ ရှယ်ယာရှင်သားမကလို့ သမ္မတသားပဲဖြစ်ဖြစ် မောင်ကလွဲရင် ဖိနပ်တောင်ပေးစီးခွင့်မပြုဘူး"
YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]
Short Story~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~