အပိုင်း ၂၆

482 30 0
                                    

ညနေကမာမီ ဖုန်းဆက်သည်။ ဒယ်ဒီပြန်ရောက်ကြောင်းကိုလည်း ပြောပြသည်။ ကိုကိုနောင်ကတော့ ပြန်မရောက်ဖြစ်သေး။ အိမ်မှာ မိဘနှစ်ယောက်လုံးရှိတာနဲ့ video call ပြောဖြစ်ကြသည်။ တစ်ဦးတည်းသောသူလေးမလို့ ဂရုစိုက်ခံရမယ် မှတ်ပါတယ် မတော်ရသေးတဲ့ သူ့ချွေးမလောင်းကိုသာ ဂရုစိုက်ဖို့မှာသွားလေရဲ့။ မာမီတို့ အချစ်တွေပြောင်းနေကြပြီ။ အပြောကောင်းရင်း ပြောနေကြတာ laptop လည်း အားမရှိတော့ပါ။ ဖုန်းကပျင်းရင် ထိုင်သုံးနေကြဖြစ်ပြီး သီချင်းလည်း နားထောင်နေတော့ အားသိပ်မကျန်တော့ချေ။

အချိန်ကြာရင် နေဝင်တော့မည်။ နေဝင်ခါနီးဆို အပြင်မထွက်ဖြစ်ပါ။ ရွာဘက်တွေက စိတ်ချရတယ်ဆိုပေမယ့် တစ်ခါမှမထွက်ဖူးသေး။ အခုကတော့ ပထမဆုံးပေါ့။ ရွာအပြင်ဘက်နားလောက်မှာရှိတဲ့ လျှစ်စစ်ရတဲ့နေရာကို သွားရတော့သည်။

"Lady Queen ဖုန်း ၊ ကွန်ပြူတာ လျှစ်စစ်ပစ္စည်းအမျိုးမျိုး အားသွင်းနိုင်သည်"

သျှား အိမ်အသေးရှေ့က ဆိုင်းဘုတ်ကြီးကို ဖတ်လိုက်သည်။ ထို့နောက် သုံးယောက်စလုံး ဝင်လိုက်ကြသည်။

"အိမ်ရှင်တို့!!"

အသက်ကြီးကြီး မိန်းမကြီးတစ်ယောက် ထွက်လာသည်။ Lady Queen ဆိုကတည်းက မိန်းမကြီးတစ်ယောက်မှန်း ကြိုသိနေပြီးသားပါပဲ။ သို့သော် ဆိုင်နာမည်နဲ့ လူနဲ့မလိုက်ချေ။

"Lady Queenတဲ့ကွာ Lady Pigလို့ ပေးရမှာ"

ဘေးနားကနှစ်ယောက်ပါ တခွီခွီလုပ်နေကြတော့ အန်တီကြီးက မျက်နှာကြောကိုတင်းလိုက်သည်။

"တိုးတိုးပြောဟ"

ပွစိပွစိ လုပ်နေတဲ့ ၃ယောက်ကို အဲ့အမျိုးသမီး ကြည့်မရတော့ပါ။ ဒီဆိုင်ကိုလာရင် အမြဲဒီလိုချည်း ဖြစ်နေကြမလို့လေ။

"ဘာကိစ္စလဲ"

"အားလာသွင်းတာ"

"အဲ့မှာ ဆိုင်းဘုတ်ကိုဖတ် နာရီနဲ့အလိုက်"

သူ မေးငေါ့ပြတဲ့နေရာကို ကြည့်လိုက်တော့ နာရီ အကန့်သန့်နဲ့ပင်။ သူတို့အိမ် ကမှောင်ကာစဆိုတော့ မီးတွေပါတွေ ထွန်းလို့ရယ်။ ရွာထဲမှာတော့ မှောင်မဲ။ သူ့လက်ထဲမှ သူကြီးဆီက ငှားလာတဲ့ ဓာတ်မီးကိုကိုင်ပြီး တိုးတိုးလေး ပြောလိုက်၏။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now