အပိုင်း ၃

842 45 0
                                    


သူမရဲ့ နောက်ကျောပြင်လေးကို ဘာရယ်မဟုတ် မြင်ကွင်းထဲက ပျောက်တဲ့အထိ နှစ်ခါတိတိငေးကြည့်ခဲ့ဖူးပြီ။ ဒီလိုကြတော့လည်း အားကိုးချင်စရာကြီး။

"သျှား ဘာရပ်လုပ်နေတာလဲ လာလေ"

"ဟုတ် ဒယ်ဒီ"

ခြံတံခါးရှေ့မှာရပ်နေတဲ့ သျှား ကိုဒယ်ဒီကလှမ်းခေါ်တော့ ပြေးဖက်ပြီး သားအဖနှစ်ယောက်သား အိမ်ထဲဝင်လာလိုက်ကြသည်။

"ယဥ်ရေ ထမင်းစားကြရအောင် သျှားရော စားမယ်မလား"

ဒယ်ဒီက မီးဖိုချောင်ထဲမှာရှိနေတဲ့ မာမီကို လှမ်းအော်ပြောပြီး သျှားဘက်ကို လှည့်မေးလာသည်။

"စားမှာပေါ့ ဒယ်ဒီရဲ့ သျှား ရေခဲမုန့်လေးပဲစားလာတာ"

"ဟုတ်ပါပြီကွာ ဒယ်ဒီ့အမွှေတော်လေး ဗိုက်ဆာနေရောပေါ့"

"ဟာ ဒယ်ဒီနော်"

"ဟားဟား လာထိုင်ပါအုံး"

ဒယ်ဒီကရယ်မောပြီး ဆိုဖာပေါ်ထိုင်ချလိုက်ရင်း သျှားကိုပါထိုင်ခိုင်းသည်။ သျှားလည်းဆူပုတ်နေတဲ့ မျက်နှာထားကြီးနှင့်ထိုင်ချလိုက်ပြီး

"ဒီလပတ်စာမေးပွဲ အမှတ်ကောင်းရင် ဒယ်ဒီ သျှားကိုကားဝယ်ပေးမယ်"

သျှား မျက်လုံး​တွေ အရောင်တောက်လာသည်။ ကား။ သျှားဘဝမှာအကြိုက်ဆုံးတွေထဲမှတစ်ခု။ ငယ်ငယ်တည်းကကားအရုပ်လေးတွေ ကြိုက်တတ်တဲ့သူ့ကိုကားဝယ်ပေးမယ်ပေါ့လေ။ ကားဆို သူ့ဘာသာစုဝယ်တောင်ရပေမယ့် ဒယ်ဒီကိုယ်တ်ိုင် ဝယ်ပေးမှာမလို့ ပို၍ပျော်သည်။ သျှားကဒယ်ဒီ့ကိုပိုချစ်တာကိုး။ လပတ်စာမေးပွဲပဲ ဘာခက်သလဲ။

"ဒယ်ဒီ တစ်ကယ်ပြောတာနော်"

"တစ်ကယ် နှစ်ကယ် သုံးကယ် လေး...."

"ဘာမှကယ်မနေနဲ့ ထမင်းစားမယ်"

မာမီ ဘယ်အချိန်တည်းက ထမင်းစားဖို့ ပြင်လိုက်လဲပင်မသိ သျှားတို့သားအဖ ကူစရာမလိုလောက်အောင် စားပွဲမှာဟင်းအပြည့်။ သျှားလည်း ကားရတော့မှာမလို့ ဝမ်းသာစွာနဲ့ ဟိုဘက်ဆိုဖာကိုလှမ်းခုန်ပြီး မာမီ့ဆီအမြန်သွားလိုက်သည်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now