"မမနှင်း သမီးကိုဒါလေး တီးပြပါလား"
ကလေးပိစိလေးက ဂီတာလေးကို ထိုးပေးလာသည်။
ဒီနေ့တော့ ရွာကကလေးတွေကို ထိန်းကြောင်းရမည်။
ပိတ်နေပြီဖြစ်တဲ့ ကျောင်းဝန်းထဲမှာ သျှားဟန်ရိပ်ရှိုင်းသက် အဖွဲ့နဲ့ နှောင်းအပါအဝင် ထိုင်နေကြသည်။ ကလေးတွေ တစ်ရုံးရုံးနဲ့ဆိုတော့ ချွေးပျံ့နေကြသည်။နှင်း ကဂီတပိုင်းဆိုင်ရာကို တာဝန်ယူထားသည်။
ဟန်နဲ့ရှိုင်းက ဂိမ်းပိုင်းဆိုင်ရာ ဆော့ပုံဆော့နည်းကို ကစားနည်းအမျိုးမျိုးဖြင့် ဆော့ပေးနေသည်။ သျှားက ဝတ်ပုံစားပုံ နေပုံထိုင်ပုံကို ပြောပြနေသည်။ ယခုကတည်းက ကလေးကို ပုဆိုးဝတ်ပုံ ထဘီဝတ်ပုံတွေကို သင်ပေးနေပြီး သန့်သန့်ရှင်းရှင်း နေတတ်အောင်လည်း သင်ပေးနေသည်။ ကလေးတွေကလည်း ဝါသနာပါရာဘက်ကို နေသည်။ နှောင်းနဲ့လရိပ်ကတော့ ကလေးတွေကို မုန့်ဝေဖို့ စီစဥ်နေ၏။"ကလေးတို့ မမ ဒါမတီးတတ်ဘူး"
ကလေးဆိုတဲ့အတိုင်း လိုချင်တာကို မရရအောင်တောင်းတော့သည်။
"မရဘူး ဒါပဲတီးပြလို့"
နှင်း တီးတတ်တာ တယောပဲရှိတယ်။ မတီးပြရင်လည်း ရစ်အုံးမည်။ အခုချိန်မှာ ပြေးမြင်မိတာ ဟန်။ ဟန်နဲ့သျှား က ဂီတာအတီးတတ်ဆုံးပဲလေ။ သျှားကတစ်ယောက်ထဲ ကူပေးနေရတာမလို့ မအားလောက်ပါ။ ဟန်ကရှိုင်းရှိတော့ ထားခဲ့လို့ရသေးတယ်။
"ဟန် ဟန်လင်းသက် ခနလာအုံး"
"ဘာဖြစ်လို့လဲ"
"ပိစိလေးက ဂီတာတီးပြခိုင်းလို့ နှင်းအစားတီးပေးပါလား"
"ရတာပေါ့ ပေး"
ဂီတာကိုလက်လွှဲယူလိုက်သည်။
"ကလေးတို့ လာ မမ က တီးပြရုံတင်မဟုတ်ဘူး သင်ပါသင်ပေးမယ်"
ကလေးတွေကြားထဲတော့ အဖြစ်မှန်ကို ထုတ်ပြသည်။
တစ်ရွာလုံးက လူကြီးတွေကတော့ ကြိုက်ရာထင်ပါစေ။"ရေးးးး မမ က သဘောကောင်းလိုက်တာ"
မတီးတတ် တီးတတ်နဲ့ လက်ခုပ်သေးသေးလေးတွေက အသဲယားစရာပင်။
YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]
Truyện Ngắn~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~