အပိုင်း ၃၃

260 24 0
                                    

နွေရာသီ ဆိုတဲ့ ပူပြင်းတဲ့ ရာသီဟာ တစ်ဖန်ရောက်ရှိလာပြန်သည်။ တပေါင်းလသည် နွေရာသီ၌ အသာယာဆုံး လဖြစ်သည်။ နွေဦးစ ဖြစ်တာကြောင့် နွေဦးရာသီ ပီပီသသလည်း မရောင်သေးသည့် ကာလဖြစ်သည်။ တောတောင်တွေလည်း နွေ၏ အကူညီကြောင့် ပို၍ အသက်ဝင်ပါသည်။

နွေဆို ပြေးမြင်မိတာက တန်ကူးလပါပဲ။ တန်ကူးလ သင်္ကြန်ပွဲမှာ အကုန်လုံးကို ဆေးကြောသန့်စင်တဲ့ အနေနဲ့ သင်္ကြန်ရေကို ပတ်လေ့ရှိကြသည်။ ထိုထက် ပိုပျော်စရာကောင်းတာက သင်္ကြန်မှာမွေးတဲ့ သျှားနေသော်မောင် မွေးနေ့လေးပင်။

နွေရာသီ ရောက်သည်နှင့် ဥသြငှက်လေး၏ တွန်ကျူးသံဟာ ကြည်နူးဖွယ် ကြားရစမြဲပင်။ ပတ်ဝန်းကျင်ရှိ သစ်ပင်လေးပေါ်မှ သစ်ရွက်ခြောက်လေးတို့သည် တစ်ဖွဲဖွဲကြွေကျနေသည်။ အချို့အပင်များတွင် ရွက်ဟောင်းများကြွေ၍ အရိုးတံပြိုင်းပြိုင်းနှင့်သာ ကျန်ခဲ့ပေတော့သည်။

ကံ့ကော်၊ သရဖီ၊ ရင်ခတ်ပွင့်တို့ကို အားပြိုင်ပွင့်နေသည့် ရဲရဲတောက် လက်ပံပွင့်များနှင့် စိန်ပန်းပွင့်တို့ကလည်း လမ်းတစ်လျှောက် အနီရောင်များဖြင့် ဖုံးလွှမ်းစေသည်။ ပိတောက်ပင်တို့သည်လည်း ပွင့်လက်စ ဖြစ်ချေပြီ။ တိမ်အရောင်မျိုးစံဖြင့် အချို့သောနေရာတွင် တိမ်သက်တန့်ရောင်ကဲ့သို့ အလှဆင်နေကြသည်။ ဤအရာတို့သည် နွေ၏အလှကို သက်ဝင်လှုပ်ရှားစေသည်။

ဆောင်း မကုန်သေးသည်မို့ ခပ်နွေးနွေး၊ ခပ်အေးအေးနှင့် လူတို့၏ စိတ်ကိုလည်း ကြည်လင်စေသည်။

"စနေနေ့ဆို လရိပ်ညိုတို့ ငပျင်းဖြစ်နေပြီ"

ထိုင်ခုံပေါ်ကို အားရပါးရ မှီချလိုက်ပြီး သူ့ကိုယ်သူ ပြန်သုံးသပ်နေသည်။ တစ်နေကုန် ထိုင်လုပ်နေရတာကြောင့် ဇတ်လည်း ညောင်းလှပြီ။

"ညောင်းသွားပြီလား။ နားချိန်လေး ဘာစားမလဲ ငါသွားဝယ်ပေးမယ်လေ"

ရှိုင်း မပြီးသေးတဲ့ စာရွက်စာတမ်းတွေကို စစ်ရင်း မကြည့်ပဲ မေးလိုက်သည်။

"နင်လည်းအလု​ပ်တစ်ဖက်နဲ့ပဲကို"

"ရပါတယ် ပြောပါ ရည်းစားတွေပဲ ဘာမှအားနာစရာမလိုဘူး ဘာဝယ်ပေးရမလဲ"

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now