အချိန် ၂လခန့် ကြာမြင့်သော်...။
"ကျောင်းပိတ်ရက် မောင်အားတယ်.....
ဈေးခြင်းတောင်း ကိုယ်တိုင်ဆွဲကာ ဝယ်ခြမ်းမယ်၊
ထမင်းဟင်းလည်း မောင် ချက်ကျွေးမယ်။
ချစ်တာကို ~ ချစ်တာကို ~ ချစ်တာကို ~ ချစ်တာကို ~ ""ဟိတ် အသဲလေး သီချင်းတွေဆိုနေတယ်ပေါ့"
ခါးကိုတိုးဝှေ့လာတဲ့ လက်ဖြူဖြူနုနုလေးတွေ။ ဒီလိုဆို ခြေဖျားထောက်ပြီး ဟင်းအိုးကိုအကဲခတ်နေမှာ အသေချာ။
"ဗျာ အချစ်ကဘာလာလုပ်တာ"
"သီချင်းသံကြားလို့ ဆက်ဆိုပါ။ မောင်ဆိုတာ နားထောင်ကောင်းတယ်"
မမနှောင်းလို အချေလေးက ချွဲနေပြန်တော့ မောင်ကပိုလို့တောင် သဘောကျသည်။
"အေးအေးလေးနေစမ်းကွယ်... နှောင်း မလုပ်နဲ့
အိမ်အလုပ်တွေ ပင်ပန်းတယ်၊
သိမ်းကြုံးပြီး မောင် အကုန်ရှင်းမယ်။
ချစ်တာကို ~ ချစ်တာကို ~ ချစ်တာကို ~ ချစ်တာကို ~ ""ဟွန်း အပြောလည်းကောင်း၊ အသံလည်းချို၊ ဟင်းချက်လည်းတော်၊ ဒီလိုမျိုးလေးကို မမရထားတာ ကံကောင်းတာပေါ့နော်"
မောင်ကနှောင်းဘက်ကိုလှည့်ကာ...
"မဟုတ်တာ မမနှောင်းရဲ့၊ ဒီအသဲစိုင်လေးကိုရထားတဲ့
ကျွန်တော်မျိုးကသာ ကံထူးထိုက်ပါပေရဲ့ဗျာ""ပြောပါတယ် အပြောကောင်းပါတယ်ဆို..."
မမနှောင်းက လက်ခလေးပိုက်လို့ ရစ်ဖို့စဉ်းစားနေဟန်။
"အဟားဟားး"
"ဘာရယ်တာလဲလို့"
မောင်ကရယ်တော့ ရှက်ရယ်ပြုသည်။ မျက်စောင်းလေးအသာထိုးလို့။ စနေနာမ်လေးလို့ မပြောရအောင် နားဂါးမျက်စောင်းလေးက လူကိုဘယ်လိုနေနေ မျက်စောင်းတစ်ချက်နဲ့တင် သေသွားစေတာမျိုး။ ဒီစနေနာမ်လူသားလေးဟာ ဘယ်သူနဲ့မှမတူအောင် ဖမ်းစားနိုင်တယ်။
"မောင် က အပြောကောင်းတာမှ မဟုတ်ပဲ၊
အကောင်းပြောတာလေ။"မောင့်မျက်နှာလေးနားကပ်ခါ သက်သေခံဖြစ်တဲ့ မျက်ဝန်းပြာတွေကို နက်နက်ရှိုင်းရှိုင်းကြည့်နေသည်။ မောင်က မျက်တောင်မခပ်ပဲ ကြောင်ကြည့်နေတော့ ပိုလို့တောင်စိုက်ကြည့်လို့ရသေးသည်။
YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]
Short Story~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~