အပိုင်း ၂၇

451 39 0
                                    

အချိန်တွေကလည်း ကုန်လွန်လာလိုက်တာ။ ဒီရွာလေးကိုတောင် ခွဲခွာရတော့မယ်။ သံယောဇဥ်အရှိဆုံးက သျှားပဲဖြစ်မည်။ သူ့လောက်အပြင်ထွက်တာ သူပဲရှိသည်လေ။ အိမ်မှာ လူစုံနေသည်။ နောက်နေ့ ပြန်ရတော့မည်ဖြစ်၍ လာနှုတ်ဆက်ကြတာပင်။ ပြန်မယ့်ရက်ကိုလည်း နှုတ်ဆက်ကြအုံးမည်။ အရာရာ သွက်သွက်လက်လက်ရှိတဲ့သူက ဒီနေရာမှာတော့ ဆန့်ကျင်ဘက်ကိုဖြစ်နေသည်။ သျှား ဒီရွာလေးကို သဘောကျမိသည်။ နှစ်သက်မိသည်။ မပြန်ခင် အကုန်လုံး မျက်နှာလေးတွေကိုတော့ ကြည့်ခဲ့သင့်ပါသည်။

"ဘယ်....ဘယ်လို"

သျှား ဝန်ခံလိုက်တော့ အားလုံးဆီမှ အံ့ဩသံလေးတွေ ထွက်လာသည်။

"ကျူပ်ကမိန်းကလေးပါ။ Tomboy တစ်ယောက်လေ။ သူကြီးတို့ အလွယ်ပြောရမယ်ဆိုရင် ဘောပြားတစ်ယောက်ပါ"

ကိုယ့်ကိုကို အဲ့လိုမသုံးချင်ပေမယ့် သူများနားလည်ဖို့ရာ သုံးပေးခဲ့ရသည့် အခိုက်တန့်တွေတော့ရှိလိမ့်မည်။

"မဖြစ်နိုင်တာ!! မင်းက မိန်းကလေးတစ်ယောက်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး!!!"

လေးမောင် ဒေါသတကြီးနဲ့ဝင်​ပြောသည်။ အနီးကပ်ဆုံး ရှိခဲ့သည့် သူ့အတွက်ကပိုတောင် လက်မခံရဲလောက်ဘူးလေ။

"သျှား က မိန်းကလေးတစ်ယောက်ပါ ကိုလေးမောင်"

"မဖြစ်နိုင်ဘူး ညီငယ်။ မင်းကမိန်းကလေးဆိုတာ ငါလုံးဝ ယုံကြည်လို့မရဘူး!!!"

"ကာယံကံရှင်ကတောင် ဝန်ခံနေပြီပဲ မင်းကဘာထဖြစ်တာတုန်း လေးမောင်ရယ်"

လေးမောင်အတွက် ခံပြင်းစေသည်။ အထူးသဖြင့် သူချစ်ရတဲ့သူမလို့ကို ပိုခံပြင်းတာ။ သူကြီးပြောတာလည်း မှန်နေပေမယ့်....

"မဖြစ်နိုင်ဘူး သူကြီးရဲ့။ သျှားမောင်က ထန်းရည်သောက်တတ်တယ်။ လယ်ထဲဆင်းရဲတယ်။ ရေကန်ထဲခုန်ချရဲတယ်။ ဝတ်တာစားကအစ အကုန်ယောင်္ကျားလေးလိုချည်းပဲ။ သူလုပ်သမျှက ယောင်္ကျားလေး တစ်ယောက်လိုပဲ သူကြီးရဲ့။ ကျူပ်ထပ်တောင် ယောင်္ကျားဆန်သေးတာ။ ကျူပ် အသိဆုံးပါ"

"ကိုလေးမောင် သျှား ကိုလေးမောင်ကို အစ်ကိုတစ်ယောက်လို ခင်ပါတယ်။ အမှန်တိုင်းပြောခဲ့မယ်ဆိုရင် ကိုလေးမောင်နဲ့တောင် ခင်ခွင့်ရပါ့မလား"

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now