အပိုင်း ၁၈

533 26 0
                                    

ဆယ်တန်းကျောင်းသားတွေအကုန် ကျောင်းစာကိုသာ အာရုံစိုက်နေကြရသည်။ စာမေးပွဲကထက်ဖြေရအုံးမည်။ သျှားတို့တစ်ဖွဲ့ အပြင်လည်းမထွက်ဖြစ်ကြသလို ကျောင်းမှာသာ တွေ့နေကြရသည်။ အခုလည်း canteenမှာ စားရင်းသောက်ရင်း လေပေါနေကြသည်။

"အဲ့တာဆို နင်ကဘာဆက်လုပ်မှာ"

"ဘာလုပ်ရမှာ လရိပ်ရယ် ဒယ်ဒီဖြစ်စေချင်တဲ့ ဆရာဝန်ကြီးလုပ်မှာပေါ့"

သျှားစကားကို ဟန်ကလည်းထောက်ခံသည့်အပြင် နှင်းလည်းထို့အတူသာ။

"ငါကတော့ အင်ဂျင်နီယာပဲလုပ်မှာ လေထဲမှာ တိုက်အိမ်ဆောက်ချင်လို့"

"နင် အင်ဂျင်နီယာ ဖြစ်ရင် ငါ့ကိုအိမ်လှလှလေး ဆောက်ပေးနော် ရှိုင်း"

ရှိုင်း မုန့်စားနေရာကနေ လရိပ်ကို မော့ကြည့်လိုက်ပြီး

"စိတ်ချ နင့်ကို ခွေးအိမ်ဆောက်ပေးမယ်"

"နင်နေပါလား"

လက်မောင်းကို အားပါပါရိုက်လိုက်ပြီး ပြောတော့ ရှိုင်း မျက်နှာ ရှုပ်မဲ့သွားရသည်။ ကျန်တဲ့သူတွေကတော့ ရယ်မောလျက်။

သျှား မျက်စိကစားနေရင်း ဟိုနေ့ကသူကူညီလိုက်တဲ့ မိန်းကလေးကို ထက်တွေ့ပြန်သည်။ တစ်ယောက်ထဲ ကော်ဖီသောက်ပြီး စာဖက်နေပုံမှာ လူကြီးဆန်လှသည်။ ဟော မမနှောင်းရဲ့ နောက်ပေါက်လေးများလား။

"သျှား ဘာတွေပြုံးနေတာ"

ပြုံးပြီးတစ်ယောက်ထဲ ခေါင်းတွေခါနေတော့ ဟန်မေးလေပြီ။

"ဟိုမှာထိုင်နေတဲ့ တစ်ယောက်ကို မြင်လား"

နှင်း မသိပေမယ့် လှမ်းကြည့်မိသည်။ ချစ်စရာလေးမို့ သူပါပြုံးလိုက်မိ၏။

"ဘာဖြစ်လို့လဲ"

"သူကကျောင်းပြောင်းလာတာလေ မကြာသေးဘူး ငါသူ့ကိုကူညီဖူးတယ်"

"ဟုတ်လား ဘယ်လိုမျိုးလဲ ချစ်တော့ချစ်စရာလေးပါ ငါတို့ထက်ငယ်မလားမသိဘူး"

ပါတိတ်ပန်းရောင်ဝမ်းဆက်နှင့် ဆံပင်လေးကိုထုံးတာကြည့်အရ နှင်းအမြင် ​အသက်ကြီးမည်ထင်သည်။ အရှေ့ကနှစ်ယောက်က ထင်ရာတွေသိပ်ပြောတာ။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now