အပိုင်း ၆

514 36 2
                                    


ညလုံးပေါက် ဂိမ်းဆော့လိုက်တာ မနက်၄နာရီမှသာ အိပ်ပျော်သည်။ မနက်နိုးလာ၍ အချိန်ကိုကြည့်ကြည့်တော့ ၇နာရီ။ ကျောင်းပိတ်၍ တော်ပါသေးသည်။

မပွင့်တပွင့် ဖြစ်နေတဲ့ မျက်လုံးကို အားယူဖွင့်ပြီး မှန်ရှေ့သွားကြည့်တော့ အိပ်ချင်စိတ်ပါ ကြက်ပျောက် ငှက်ပျောက်သွားရသည်။ တစ်ညလုံးဂိမ်းဆော့ထားမို့ မျက်လုံးနားတစ်ဝက်မှာ အညိုရောင်အကွင်းလိုက်။ အမြင်မှားပြီးကြည့်မိလားဆိုပြီး မျက်လုံးကိုပွတ်၍ ကြည့်ပါသောလည်း မဟုတ်ပြန်။

"အားးးးးး ငါဘယ်လိုမျက်နှာပြရမှာလဲ မာမီသာသိရင် ငါတော့အရိုက်ခံရလောက်တယ် သေလိုက်ပါတော့လား မောင်သျှားရေ"

နဖူးကိုလက်ဖြင့် အားပါပါရိုက်ပြီး ရေချိုးခန်းထဲ ဝင်လိုက်သည်။ ရေးချိုးပြီး ပြန်ထွက်လာတော့ လရိပ်ကဖုန်းခေါ်ထားသည်။ ၅ call တောင်မလို့ အရေးကြီးသည်ထင်၍ ပြန်ဆက်မည်ကြံတော့ လရိပ်ကဆက်သည်မို့အတော်ပဲ။

"ဟယ်လို လရိပ် ငါ....."

"ဘာမှလိုမနေနဲ့။ မနက်တည်းကခေါ်နေတာ​ေလ။ အပြင်သွားပါမယ်ဆိုတာကို။ ဘာမှအဖက်မလုပ်ဘူး။ ဘယ်နားသွားသေနေလဲ။ ငါကနင့်ကို အသက်မရှင်တော့ဘူးတောင်ထင်နေတာ။ "

သျှား စကားတောင်မဆုံးသေး သူပြောချင်ရာတွေကို ပြောနေပြီး အသံပြဲကြီးနှင့် အော်ပြောနေတာကြောင့် ဖုန်းနှင့်နားကို ၁ပေလောက်ခွာထားရသည်။

"နင်ပြောလို့ပြီးပြီလား"

"မပြီးသေးဘူး ငါတို့လေးယောက် နင့်အိမ်မှာရောက်နေတယ် အိမ်ပေါ်ထပ်ကဆင်းခဲ့ ဒါပဲ"

"ဟမ်!!!"

ရုတ်တရက်ကြီး ဖြစ်သွားတဲ့ကိစ္စကြောင့် လက်ထဲမှဖုန်းတောင်လွတ်ကျ သွားရသည်။ အမေ့ကိုတောင် မျက်နှာမပြရဲလို့ လစ်ပြေးဖို့ ကြံနေပါတယ်ဆို သူတို့ကအိမ်ကိုပါရောက်နေတယ်ဆိုတော့ ခေါင်းမွှေးပါ ထောင်ချင်သွားသည်။ မတတ်နိုင်တဲ့အဆုံး အဝတ်အစားအမြန်လဲပြီး အောက်ထပ်ကို ဆင်းသွားလိုက်သည်။

"သျှားကလည်း ကြာလိုက်တာကွာ ဘုရားသွားမှာ ဒီ့ထက်နောက်ကျရင် မကောင်းဘူး လရိပ်ဖုန်းဆက်စမ်း"

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now