အပိုင်း ၂၈

496 33 0
                                    

"မာမီ"

ဧည့်ခန်းထဲမှာ Tvထိုင်ကြည့်နေတဲ့ မားမားကို အထုတ်တွေချပြီး ပြေးဖက်လိုက်၏။

"မြန်လိုက်ကြတာ"

"ဒယ်ဒီရောဟင်"

"သျှားဒယ်ဒီ ခရီးသွားရပြန်တယ်ကွယ် နောက်အပတ်ရောက်မယ်ပြောတယ်"

စိတ်ပျက်လက်ပျက်အသံနှင့် ပြောရှာသည်။ မာမီလည်း အခုရက်ပိုင်း အထီးကျန်နေတော့မှာပဲ။

"မာမီ တစ်ယောက်ထဲပေါ့"

ချွဲစိန်လေးက ဖက်ထားလိုက်တာများ လွှတ်ကိုမလွှတ်တော့ဘူး။

"အင်းပေါ့ ကိုယ့်အလုပ်နဲ့ဆိုတော့လည်း အားတယ်မရှိပါဘူး။ သမီး တေးသံစဥ်နှောင်းကရော အိမ်ပြန်မှာလား"

အိတ်ဇစ်ဖွင့်ပြီး စစ်နေရင်းကနေ...

"ဟုတ် အန်တီယဥ် လမ်းမှာ ဒယ်ဒီဖုန်းဆက်တယ်။ သူလည်းအခုရက်ပိုင်း အိမ်မှာမကပ်ရလို့ အိမ်စောင့်အနေနဲ့ ၁လလောက် လာနေပေးအုံးဆိုလို့ နှောင်းပြန်အုံးမယ်"

"မမကတကယ်ပြန်မှာလား"

"အင်းပေါ့"

သျှား ပျင်းသွားရပြီ။ ဆိုဖာပေါ်မှာ လှဲအိပ်ချလိုက်သည်။ သူ့ရဲ့အပျော်လေးမရှိမှတော့ ဘယ်အားရှိပါတော့မလဲ။

"သျှား လိုက်ချင်လိုက်သွားလေ"

"မာမီ တစ်ယောက်ထဲကို"

"ဘာမှမဖြစ်ပါဘူးကွယ် မာမီကိုကလေးမှတ်လို့"

"လူကြီးဖြစ်နေလို့ကို စိတ်မချရတာ"

လူကြီးလေသံလေးနဲ့ အတည်ကြီးပြောနေတဲ့ သူမရဲ့မောင်ကိုကြည့်ကာ ပြုံးနေမိ၏။ မောင်ကအဲ့လိုကြည့်ရင် ဂျစ်ကန်ကန်နိုင်ပြီး ချစ်စရာလည်းကောင်းသည်။

"ငါခေါင်းခေါက်လိုက်ရ လူကြီးကို"

ပါးစပ်ကမခေါက်ရသေး လက်ကခေါက်ပြီးနှင့်ပြီ။

"အ...တကယ်ခေါက်တယ်။ အခုမှ ခရီးကပြန်လာတာကို။ ဒါခရီးဦးကြိုနှုတ်ဆက်လိုက်တာပေါ့။ ဗြဲးးးး မာမီခေါင်းခေါက်တယ်"

မနက်ပိုင်းကြီး ကျပ်သရည်မရှိ၊ မင်္ဂလာမရှိ အော်ငိုနေတယ်။ ထက်ခေါက်ရင်လည်း ငိုအုံးမယ်။ ယဥ်ကလည်း သူ့ဒယ်ဒီလိုမချော့တတ်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now