အပိုင်း ၃၂

414 25 0
                                    

"မမ"

နိုးလာလာချင်း ခေါ်လိုက်တဲ့စကားတိုးတိုးလေးဟာ မမတဲ့လား။
နှောင်းပျော်လွန်းလို့ မျက်ရည်ပါကျမိသည်။ အရင်ဆုံးလှုပ်ခတ်ခဲ့သည်အရာဟာ မောင့်မျက်တောင်တွေမဟုတ်ပဲ မောင့်လက်ခလေးဖြစ်နေခဲ့တယ်။ ဆေးထိုးခံထားရတဲ့ မောင့်လက်ကလေးဟာ နှောင်းလက်လေးကို အလျှင်အမြန်ပဲ ဆုပ်ကိုင်လိုက်သည်။

"မောင်"

"သျှားနေသော်မောင် ငါတို့ကိုမှတ်မိတယ်မလား"

ဟန်လည်း အပျော်လွန်ကာ ကုတင်ပေါ်ကနေဆင်းလာသည်။
သျှား ဖွဖွလေးပြုံးပြသည်။

"ဗြဲးးးး"

ပြန်ကောင်းခါမှ အားဗြဲကြီးနဲ့ ထိုင်ပြီးငိုချတဲ့ လရိပ်ကို နှင်းရင်ခွင်ထဲအပ်ထားမိ၏။

"ဘာလို့ငိုတာတုန်း"

"နင်ကထားသွားပြီထင်တာပေါ့လို့ အရူးကောင်ရဲ့"

လရိပ်ရဲ့ကလေးဆန်မှုကိုကြည့်ပြီး ပြုံးရသလို မောင့်ကြောင့်လည်း ပျော်မိသည်။ နားဝင်အောင်တော့ နှောင်းပဲချော့ပေတော့မည်။

"သျှားနေသော်မောင်ကပြန်လာပြီလေ ပြန်လာကာမှ ငိုရလားလို့"

"သူလေ လူကိုနှလုံးရောဂါရအောင် လာလုပ်နေတာ သေတော့မလိုလို ရှင်တော့မလိုလိုနဲ့"

နှပ်ချေးတွေပါညှစ်ချပြီး လက်ညှိုးထိုးပြောနေတော့ တစ်ခန်းလုံးဟာ ရယ်သံလေးတွေချည်း။ အဲ့ချိန်မတိုင်ခင်ကတည်းက ကျွန်မသိလိုက်ရတာက မောင်မရှိရင် မဖြစ်ဘူးဆိုတာကိုပဲ။ ကိုယ့်ကိုကိုပြောင်းလဲနေတာကိုလည်း အံဩမိပါသည်။ ကိုယ့်ထက်အငယ်တွေကို စာသင်ပေးနေကြမလို့ ဒီခလေးကို ခင်တွယ်မိခဲ့ပေမယ့် ရိုးရိုးသားသား ဟုတ်မနေခဲ့တာပါ။ သူ့ရဲ့အပြုံးတွေ၊ သူ့ရဲ့အပြောတွေအောက်မှာ ပျော်ဝင်နေခဲ့တာ ကြာခဲ့ပါပြီ။

စတွေ့တုန်းကဆိုရင် သူ့ဗိုက်ကိုထိသွားလို့ ထော်လန်နေတဲ့ နှုတ်ခမ်းလေးက ချစ်စရာလေးရယ်ပါ။ ကိုယ့်အသားနာသွားတဲ့အပြင် အလျင်လိုနေတာကြောင့်သာ ထိုကလေးကို စိတ်တိုတိုနဲ့အော်ခဲ့မိ၏။ အဲ့နေ့ညကလည်း ထိုကလေးက ခေါင်းထဲရောက်လာခဲ့ပါသည်။ ဘာဆိုဘာမှ ခေါင်းထဲမထားတတ်သည့်သူဟာ ဘာလို့အတွေးထဲဝင်လာလည်းဆိုတာ စဥ်းစားမရခဲ့ပါ။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now