အပိုင်း ၁၁

393 34 2
                                    

"အင်း.....မောင်"

"ဘုတ်"

အိပ်နေရင်းမှ ထွက်လာတဲ့ ညည်းသံဖြင်းဖြင်းလေးကြောင့် ကုတင်စွန်းမှထိုင်နေတဲ့ သျှား တစ်ယောက်ကတော့ ဘုတ်ခနဲမည်အောင် ပြုတ်ကျသွားသည်။ တင်ပါးနဲ့ကြမ်းပြင်နဲ့မိတ်ဆက်သွားတာမလို့ အောင့်တက်သွားသည်။ သျှားတစ်ယောက် လန့်ပြီးနာလို့နာမှန်းတောင် သတိမထားမိ။ ပြုတ်ကျတဲ့အသံကြောင့် မမနှောင်းလည်း လန့်နိုးသွားပုံပေါ်သည်။

"မစ်ကိုလေး ဘာလို့ကြမ်းပြင်မှာထိုင်နေတာလဲ"

"သက်သာရဲ့လား မမနှောင်း"

"အင်း သက်သာပါတယ် ကျွန်မမေးတာဖြေအုံး"

"အမ်...ဟို...အသံကြားလိုက်လို့"

သျှား နားထင်ကိုလက်နဲ့အကြိမ်ကြိမ်ပွတ်ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေမိ၏။ ရှက်ရအောင် ငါပြောတာမှမဟုတ်တာ။ တည်တည်ခန့်ခန့်နေစမ်းပါ သျှားနေသော်မောင်ရယ်။ အာရုံတွေပြန်စုစည်းပြီး ချောင်းလည်းဟန့်လိုက်သည်။

"ဟမ်!!! ဒီအိမ်မှာသရဲမရှိဘူးနော် ဘယ်လိုအသံမျိုးလဲ"

မမနှောင်း လန့်သွားရပြီး ဆတ်ခနဲ ထထိုင်လိုက်သည်။

"မောင်တဲ့လေ"

"ဟင် ဘယ်လို"

ဒီကလေးစနေတာများလား။ နှောင်း ဘယ်တုန်းကများ ထွက်လိုက်လို့လဲ။

"အင်း....မောင်"

မျက်နှာအနေအထားပါတူအောင် လိုက်လုပ်ပြသည်။ တကယ်လည်းတူပါသည်။ သျှားနေသော်လေးက မျက်နှာပြောင်မယ်ဆို ထိတ်ဆုံးကလေ။

"အဲ့လိုကြီးလား"

"အင်း အဲ့လို"

ပါးလေးတွေနီမြန်းသွားရပြီး ဆောင်ခေါင်းမူးခြုံပြီး ပြန်လှဲလိုက်သည်။ မျက်နှာကြီးပါစပ်ဖြင်းလာရသလို။

"ထပါတော့ အစ်မတေးရာ။ နေ့လည်ရောက်နေပြီ။ ပူတယ်လေ မောင်နဲ့အတူ အောက်ကိုလိုက်ခဲ့လေနော်။ ဟန်တို့လည်းစောင့်နေတယ်။ နော်လို့။"

စောင်ထဲမှထွက်မလာတဲ့ မမနှောင်းကြောင့် သျှား အကြမ်းနည်းကိုသုံးရတော့မည်။ ဒီတိုင်းဆို ဘယ်ထွက်လာရဲပါ့မလဲ။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now