အပိုင်း ၁၅

566 35 0
                                    

နေ့ရက်တွေကုန်ဆုံးလာသည်နှင့်အမျှ သီတင်းကျွတ်ဟာလည်း ပျောက်ခြင်းမလှ ပြီးဆုံးသွားတော့သည်။

အခန်းထဲမှ အအေးဓာတ်ကြောင့် လန့်နိုးလာရ၏။ ထူးဆန်းသည်က လည်ပင်းတစ်ဝိုက် ချွေးများရွှဲနေသည်။ ဆောင်ကိုဖယ်လိုက်တော့ အေးစိမ့်စိမ့်အငွေ့သက်ကိုရသည်။ ဒါ ဆောင်းဦးဖြစ်လို့ထင်သည်။ အချိန်သည် မနက်၅နာရီကျော်သာရှိသေးသည်။ ၆နာရီဆိုရင် သူမ ထနေကြအချိန်မလို့ မထူးတာနဲ့ နေ့စဥ်လုပ်ငန်းကို စတင်ဆောင်ရွက်လိုက်သည်။

သောက်တော်ရေချမ်းကပ်ပြီး ဘုရားရှိဖို့ရာ သူမမမေ့။ မျက်နှာ၌ မိတ်ကပ်ပါးပါးလူးကာ ​ချိတ်ထမိန်လေးကို ဝတ်ဆင်လိုက်သည်။ မှန်ထဲမှ သူမကိုသူမ ကြည့်ကာ သဘောကျမိ၏။ မြန်မာဆန်တဲ့မိန်းကလေးက ဘယ်လိုနေနေ လှတယ်တဲ့လေ။

"သမီး နှင်း လုပ်စရာရှိတာတွေ လုပ်ပြီးပြီလား"

"ဟုတ် မေမေ"

မနက်ဆို ပျာယာခတ်နေတဲ့ သူမအမေတစ်ယောက် မအားတဲ့ကြားကနေ နေ့တ်ိုင်းလိုလို မေးတတ်သည်။

"သမီး အားရင်လေ မေမေ့ကိုတစ်ခု ကူညီပါလားကွယ်"

နှာဖူး၌ ချွေးများဝေ့လျက် လက်မှယောင်းမကိုလည်း ကိုင်ထားတော့ သူမ မေမေ မအားဘူးဟုထင်ရသည်။

"ဘာများလဲ ကျောင်းတက်ဖို့ အဝေးကြီးလိုပါသေးတယ် မေမေရဲ့"

"သမီးဟန်လင်းသက်တို့အိမ်ကို မေမေ မနေ့က သွားခဲ့သေးတယ်။ အဲ့တာစကားပြောကောင်းနေရင်းနဲ့ ပစ္စည်းတစ်ခုကျန်ခဲ့လို့"

"ဘာပစ္စည်းလဲဟင်"

သူမ အမေက ချွေးများကိုသုတ်လျက် ဆက်ပြောလာ၏။

"အရေးကြီးတဲ့စာရွက်လေးပဲ သမီး အခုသွားယူပေးနော်"

"ဟုတ်ကဲ့ မေမေ"

သူမအမေကို ခေါင်းညိမ့်ပြပြီး ပြုံးပြကာ သူမပြောရန်နေရာသို့ သွားရန်ပြင်သည်။

ကတီပါခြေညှပ်ဖိနပ်လေးပေါ်တွင် သူမရဲ့ ဖြူဖြူဖွေးဖွေး ခြေချောင်းလေးတွေကို ညှပ်လိုက်တော့ သူမ အသားဖြူကြောင်းကို ဖော်ပြနေသယောင်။ မနက်စောစောမလို့ အိမ်ရှေ့၌ လူတော့ရှင်းပါသေးရဲ့။ နေ့တိုင်း နှင်း ကျောင်းသွားခါနီးဆို ယောင်္ကျားလေးတစ်ချို့က နှင်း ကိုလာလာစောင့်နေတတ်သည်။ ဒီအချိန်လောက်ဆို သူတို့နိုးပါရောမလား။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now