အပိုင်း ၁၆

397 29 0
                                    

သျှား တို့ အဖွဲ့ စောင့်မျှော်နေတဲ့ တန်ဆောင်မုန်းလဟာ တရွေ့ရွေ့နှင့် ရောက်လာသည်။ ဒီနေ့ဆို ပထဆုံးနေ့ပင်။ တစ်နေရာမှာ  ဆုံဖို့ချိန်းနေကြပြီး နှစ်ယောက်တစ်တွဲစီ လာရမှာ ဖြစ်သည်။ ဟန်ကနှင်း အိမ်နဲ့ နီးတာမလို့ သူတို့နှစ်ယောက်ကတစ်တွဲ။ ရှိုင်းကလရိပ်အိမ်နဲ့ အနည်းငယ်ဝေးတာကြောင့် ၁၅မိနစ်လောက်တော့ လမ်းလျှောက်ရသည်။ အိမ်ရောက်တာတောင် မှန်အရှေ့မှာ အလှပြင်လို့မပြီးသေးတဲ့ လရိပ်ညိုကို စောင့်ရသေး။ တစ်အိမ်ထဲ နေနေရတဲ့ သျှားနဲ့နှောင်းကတော့ ဝေးလျှင်တောင် အတူတူလာရတော့မှာ ဖြစ်သည်။ ပွဲစျေးရောက်ရင်လည်း လူကြားထဲသွားရမှာမလို့ လမ်းလျှောက်သာလာခဲ့သည်။

ဆောင်းဝင်လို့ထင်တယ် အင်္ကျီအပါးလေးပဲ ဝတ်လာတဲ့ နှောင်းကတော့ အနည်းငယ်ချမ်းနေသည်။ အရိပ်တစ်ကြည့်ကြည့် ကြည့်နေတဲ့ သျှားက မသိမသာ hoodie အပြာ ကို ချွတ်ပေးလိုက်ပြီး ဝတ်ပေးလိုက်သည်။

"ရပါတယ် နှောင်း အရမ်းကြီးမချမ်းဘူး ပြန်ဝတ်လိုက် သျှား..."

"ရှူး မောင်လို့ပြောင်းခေါ်ပါဆို"

နှုတ်ခမ်းကို လက်ညှိုးနဲ့ပိတ်လိုက်ပြီး နှုတ်ခမ်းလေးထော်လာတဲ့ သျှားကို နှောင်း အသဲယားမိပြန်သည်။

"ငါတို့ရောက်ပြီ"

လမ်းမှာဆုံကြတယ်ထင်သည်။ လေးယောက်လုံးတစ်ပြိုင်တည်း​​ ရောက်လာကြသည်။ အပြင်ဘက်ကကြည့်နေတာတောင် အရောင်မျိုးစုံထွက်တဲ့အပြင် သီချင်းသံအကျယ်ကြီး တစ်ချို့ကိုပါ ကြားရသေးသည်။

သျှားနဲ့နှောင်းက အရှေ့ကနေ ဦးဆောင်သွားကာ နှောင်း လက်ချောင်းသွယ်သွယ်လေးတွေကို ခပ်တင်းတင်း ဆုတ်ကိုင်ထားသည်။ အရှေ့ကိုပဲကြည့်ပြီး လူကြီးလေးတစ်ယောက်လို လူတိုးနေတဲ့ သျှားကို နှောင်း ငေးမိသည်။ မေးရိုးဖြောင့်တင်းပြီး မျက်နှာပိုးအသေနှင့် ဆံပင်တွေကို ဖီးလိမ်းထားခြင်းမရှိပါ။ အခုခေတ် ဒီလိုကေတွေကို တော်တော်များများမှာ မြင်ဖူးပေမယ့် အောက်ဖျားတွေကို အဖြူဆိုးထားတဲ့သျှားက နှောင်းအတွက် တမူထူးခြားနေသည်။ ။ မြင်နေရတဲ့ ၃လလောက်အတွင်း အရပ်က၅ပေ၈လက်မလောက်ထိ ရှည်သွားသည်။ မျက်ခုံးထူထူတွေနဲ့ မျက်ဝန်းပြာပြာတွေရယ် သွားထပ်လေးတွေတို့နဲ့ ပါးချိုင့်လေးတစ်ဖက်ဟာ နှောင်း သဘောအကျရဆုံး အရာလေးပင်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now