အပိုင်း ၁၃

408 34 0
                                    

"မောင်...."

ပြေးမြင်မိလိုက်တာက သျှားနေသော်မောင်။ ဒါကြောင့် မြန်မြန်ဆန်ဆန်ပင်ထွက်သွားတဲ့ စကားက မောင်တဲ့လေ။ ဒီကလေးစုတ်ကဘယ်ကနေဘယ်လို ပေါ်လာမှန်းမသိ။ နှောင်း ဘုရားပေါ်မှာ ကြိမ်းမောင်းနေရပါပြီ။ မစ်ကိုလေးမှန်းသာသိရင် စမလားပဲ။

"ဟမ် ဘယ်သူလဲ အစ်မတေး မလိမ်နဲ့နော်"

လရိပ်က တရားခံစစ်သလိုစစ်မေးတော့ မည်သူမည်ဝါမှန်း ဘယ်လိုဖြေရမယ်မသိ။ သူကိုယ်တိုင်ကလည်း တစ်စုံတစ်ယောက်ကို ရင်ခုန်နေသလိုလိုပါပဲ။ ဘယ်သူမှန်းတော့ သေချာမသိပေမယ့်လေ။

"ယောင်္ကျားလေးလားဟင်"

နှောင်း ဘဝမှာ ယောင်္ကျားတစ်ယောက်နဲ့ ပတ်သတ်ဖူးတာဆိုလို့ သူ့အဖေ ဦးမြတ်သောတေးပဲရှိသည်။

"အစ်မ ဟိုဘက်ခနသွားအုံးမယ် ညို"

လက်ညှိုးထိုးပြတဲ့ နေရာကိုကြည့်တော့ လူရှင်းနေတဲ့ စောင်းတန်းအနားလေးပင်။ အတင်းဇွတ်မေးတော့ စိတ်ဆိုးသွားမှာဆိုးတာနဲ့ လရိပ် ဆက်မမေးတော့။

"အင်းပါ လရိပ် နှင်းတို့ကိုသွားရှာလိုက်အုံးမယ် စိတ်ချမယ်နော်"

နှောင်း ခေါင်းညှိမ့်ပြီးပြုံးပြလိုက်သည်။ ကလေးက လူကြီးကိုပြန်ပြီး စိတ်ပူနေရတယ်လို့။ သျှား ကလေးဆန်တာသိပါသော်လည်း သူ့သူငယ်ချင်းတွေကို ရင့်ကျက်မယ်ထင်ထားတာ။ တကယ်တည်းကြ အပြိုင်အဆိုင် ကလေးဆန်မဲ့ သူတွေလားတောင် ထင်ရသည်။ သူတို့အဖွဲ့က လိုက်လည်းလိုက်ပါသည်။

တစ်ဖက်မှာ သျှားနဲ့ဟန်က

"အပျင်းအပြေဖဲလေးရိုက်ချင်လိုက်တာကွာ"

သျှား စကားကြောင့် ဟန်ခေါင်းကိုလက်နှစ်ဖက်ဖြင့် ကာလိုက်သည်။

"ဘာဖြစ်တာတုန်း"

"စမယ်ဆိုရင်လည်း ကြည့်စဟ ဘုရားပေါ်မှာ မိုးကြိုးပြစ်ခံနေရမှ တော်ကြာ ငါမိန်းမမရသေးပဲ သေနေအုံးမယ်"

သျှား အသံပြဲကြီးနဲ့ရယ်လိုက်တော့ မျက်စောင်းထိုးလိုက်သည်။ ဒီကောင်ကမိန်းမလိုချင်ရ​သေးတယ်လို့။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now