အပိုင်း ၁၇

536 29 2
                                    


ဆောင်းဦးရာသီဥတုက ခပ်ချမ်းချမ်းရယ်။ မနက်ပိုင်းဆို နေထွက်ချိန်ဟာ သိပ်လှပါလေသည်။ ညသန်းခေါင်ဆို စိမ့်စိမ့်ချမ်းလာတတ်တဲ့ အအေးဓာတ်လေးတစ်ချို့က ဆောင်းရာသီကို နှစ်သက်သူတွေရဲ့ သဘောကျမှုလေးပင်။ မနက်​ဆို တောင်ပေါ်ဒေသတွေမှာ မြူတွေဆိုင်းနေတတ်သည်။ ခပ်မြင့်မြင့်တောင်ကြီးပေါ်ကနေ ခပ်ရဲရဲနေဝန်းကြီး တစ်ဖြေးဖြေးချင်း ထွက်လာသည်ကို နေ့တိုင်းမြင်နေရစမြဲပင်။

"မြ"

အပြင်ထွက်ငေးနေတော့ နေထွက်ချိန်ကို ကြည့်နေသည်ထင်၍ ဇော်ထက် လွှတ်ပေးထားသည်။ အချိန်အတော်တန်ကြာတဲ့အထိ ပြန်ဝင်မလာလို့ ထွက်ကြည့်မိတော့ နေမင်းကြီးရဲ့အရိပ်ယောင်တို့တောင် ဖြာကျနေတာတောင် ငေးလို့မပြီးသေးတဲ့ ညီမငယ်ကို ခေါ်နေရတာလည်း နေ့တိုင်းအလုပ်။

"ရှင်"

"ဘာတွေငေးနေတာလဲ ညီမလေးရယ်"

အထီးကျန်တဲ့ဘဝက ပင်ပန်းလှသည်။ ပျော်စရာမရှိ၊ လွတ်လပ်ခွင့်မရှိ၊ ခံစားချက်ပါမရှိ​တော့တဲ့ သူ့အတွက်က တစ်နေရာရာကို အကြောင်းပြချက်မရှိ အတန်ကြာငေးမောနေမိမှာ မမှားဘူးလေ။

"ဘာရယ်လို့လဲမဟုတ်ပါဘူး"

"ကျောင်းသွားရမယ်မလား လာပါ ကိုကြီးဇော် လိုက်ပို့ပေးပါ့မယ်"

ဇော်ထက်သာ ဆိုသည့် သူမ၏အစ်ကိုဟာ မြကိုအရမ်းဂရုစိုက်သည်။ မောင်နှမသားချင်း နှစ်ယောက်ထဲရှိတယ်လို့တော့ မြ မယူဆချင်ပါ။ ကိုကြီးဇော် ဂရုစိုက်ပေးတာ အတိုင်းထက်အလွန်ပဲဆိုတာ သူမ သိပြီးသားမို့လေ။ သူငယ်တန်းတည်းက ကျောင်းပို့ကျောင်းကြို လုပ်ပေးခဲ့တဲ့ စက်ဘီးလေးပေါ်ကို သူမ ၁၀တန်း ရောက်သည်အထိ ကိုကြီးကျောကိုဖက်ကာ လိုက်ခဲ့ပေရအုံးမည်။

"တက် ညီမလေး"

ကိုကြီးဇော် ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ကာ ကျောကို ခေါင်းလေးအပ်ထားမိ၏။ စီးလာတဲ့တစ်လျှောက် မြဆိုတဲ့ မိန်းကလေးဟာ ကလေးသူငယ် ကစားကွင်းထဲရောက်သလို တအံတဩကြည့်နေမိသည်။ မြို့သစ်နေရာသစ်လေးက သူ့အတွက်တော့ ထူးဆန်းသည်လေ။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now