အပိုင်း ၂

1K 50 0
                                    

ဒေါက်...ဒေါက်

"သျှားရေမနိုးသေးဘူးလား"

ညကနည်းနည်းနောက်ကျလို့ထင်ပါရဲ့။ သိပ်ပြီးအိပ်ရေးမဝခဲ့ပါ။ ဒီကြားထဲမာမီကလာနှိုးနေ၍ ဆောင်ခေါင်းမူးခြုံပြီး မသိချင်ယောင်ဆောင်လိုက်တော့သည်။ သျှားရဲ့ နေ့စဥ်နေ့အမျှလုပ်နေကြ။

"သျှား မထသေးဘူးလား တံခါးမဖွင့်ရင်မာမီဝင်လာမှာနော်" ဟုပြောရင်းတံခါးဖွင့်ဝင်လာလိုက်တာကြောင့် သျှားမှာတားဖို့ထိုင်လျက်သားလေး။

မာမီကတော့သျှားကိုစိုက်ကြည့်နေတယ်။ သျှားကတော့မျက်လုံးပေါက်မပွင့်သေးပဲ ငုတ်တုတ်ကြီး အိပ်ငိုက်နေတာကြောင့် ဘာမှမသိ။ မနေ့တည်းက စည်းထားတဲ့ အုန်းပင်လေးဟာလည်း ဒီတိုင်းလေးမလို့ ကလေးလေးနှင့်တူသည်။

"သျှားပေါက်စရယ် ဒီတိုင်းအိပ်ရလား ဆံပင်တွေနာကုန်တော့မှာပဲ"

ပြောပြောနှင့် သျှား၏ ခေါင်းမှခေါင်းစီးကြိုးလေးကိုဖြုတ်ပေးလိုက်တော့

"အားးးး....အာ့ မာမီနာတယ်"

"ခေါင်းစီးကြိုးဖြည်နေ​တာပဲနာမှာပေါ့ ဘာလို့အဲ့လို အိပ်ရတာ ပြီးတော့ ဒင်းလေးက ဒီလိုလုပ်မှ မျက်စိပေါက်ပွင့်မှာလေ"

မာမီပြောသလိုပဲသျှားကမျက်လုံးပေါက်ပွင့်လာပါသည်။ မျက်မှောင်ကြီးကြုတ်ပြီး ကြည့်နေသည်မှာ မျက်ခုံးနှစ်ဖက်တောင်ထိတော့မည်။

"ကျောင်းသွားရမယ် ထတော့ မဟုတ်ရင်မုန့်ဖိုးမရဘူးမှတ်"

"အယ်..ထပြီ ထပြီ"

"၇နာရီခွဲနေပြီ မာမီမနက်စာပြင်ထားတယ်။ ရေချိုးပြီးရင်ဆင်းလာခဲ့"

ခေါင်းကိုအသွင်သွင်ညိမ့်ပြလိုက်တော့ မာမီက သျှားခေါင်းကိုအသာပုတ်ပြီးထွက်သွားသည်။ သျှားလည်းအချိန်ဆွဲမနေပဲ ရေချိုးခန်းထဲအမြန်ဝင်ပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။

"ဒယ်ဒီ့သမီးလေး နိုးပြီပဲ လာပါအုံး"

သျှားလည်းဆင်းလာတော့ ဒယ်ဒီနှင့်မာမီကမနက်စာစားနှင့်ပြီ။ ဒယ်ဒီကသျှားကိုတွေ့တော့ ဖက်ဖို့ခေါ်တော့သည်။ နောက်ပြီးဒယ်ဒီ့ဆီကအနမ်းတစ်ပွင့်လေးရသည်။ ဒါဟာ သျှားနေ့တိုင်းလိုလိုရနေတယ့် ဒယ်ဒီ့ဆီမှ အနွေးဓာတ်လေးပင်။ သျှားလည်း မာမီလုပ်ပေးထားတဲ့ ပေါင်မုန့်ကြက်ဥကြော်ကို တစ်မြုံ့မြုံ့ဝါးရင်း...

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now