ကြင်ဖက်သွားတွေ့နေရတုန်းပဲ။
မလာခင်က ရှဲ့ချင်းချန်မှာ ဤအမျိုးသမီးငယ်လေးသည် ယောက်ျားသား တစ်ယောက်၏ ဝင်ငွေ အပေါ် အလွန်တရာ အရေးစိုက်ကြောင်း ကြားသိခဲ့ရသည့်တိုင် သူ့အနေနှင့် မိမိ၏ ဝင်ငွေဟာ တကယ်တမ်း၌ လုံးဝကို မြင့်မားသည်ရယ်ဟု မှတ်ယူ၍ မရကြောင်း ပြောပြီးသွားသည့် နောက်တွင်ပင် ဤအမျိုးသမီးငယ်လေးထံ၌ စိတ်အားထက်သန်မှုတို့ လျော့ကျသွားခြင်း မရှိဘဲ နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။
ပိုင်ကျင်းက ပြုံးရွှင်ကာဖြင့်:“ ပါမောက္ခ-ရှဲ့ကတော့ ပညာတတ် လူတန်းစားလို့ ခေါ်ထိုက်ပါပေတယ်။ တကယ်ကို မပလွှားတတ်တာပဲ။ အိုင်းယား၊ အခုခေတ်ကြီးမှာ ဒီလောက်ရိုးသားတဲ့ ယောက်ျား ရှာတွေ့ဖို့ မလွယ်တော့ဘူးလေနော့်? ”
ရှဲ့ချင်းချန်:“ ...... ”
“ ပါမောက္ခ-ရှဲ့က အကြိုက်ကလည်း အတော်လေး အဆင့်မြင့်ပုံပဲ။ ကောင်းပေ့ညွှန့်ပေ ဆိုတွေကို အတော်လေး သဘောကျမဲ့ လူမျိုးလေ၊ ဟုတ်တယ်ဟုတ် ”
ရှဲ့ချင်းချန်မှာ မျက်မှောင်ကြုတ်သွားရကာ:“ မဟုတ်ဘူး၊ ငါက —— ”
“ ရှင့်ရဲ့ ဝတ်ပုံစားပုံကို တစ်ချက် ကြည့်လိုက်ရုံနဲ့တင် မြင်သာနေတာပဲဟာ ”
ရှဲ့ချင်းချန်:“ ...... ”
ပိုင်ကျင်းတစ်ယောက် မထိန်းနိုင်မသိမ်းနိုင်ဖြင့် သူ့ကို ပြောပြမလာခင် အထိ ဘာကြောင့်လဲ ဆိုသည်ကို သူ့မှာ တဒင်္ဂမျှ လည်လည်ဝယ်ဝယ် နားမလည်နိုင်ခဲ့ရှာ။
“ ပါမောက္ခ-ရှဲ့၊ ရှင့်ကိုယ်ပေါ်က တီရှပ်က ကျွန်မတို့ ကောင်တာက ပစ္စည်းအစစ်ကြီးပါနော်၊ အခုလက်ရှိ ဟုကျိုးတစ်နယ်လုံးမှာ ငါးထည်၊ ခြောက်ထည်လောက်ပဲ ရှိတာမို့ ရဖို့ အတော်လေး ခက်တယ်။ တခြား တွဲဖက်ပစ္စည်းတွေပါ ပစ္စည်းဈေးနဲ့ တန်းတူပမာဏ ဖြစ်အောင် အချိုးညီဝယ်ပြီးမှ ဝယ်ရင်တောင် မရနိုင်တာကို ရှင်က တကယ်ကို သိုသိုသိပ်သိပ်နိုင်တာပဲ ”
ရှဲ့ချင်းချန်မှာ ယခုတစ်ခေါက် ကြင်ဖက်တွေ့ဆုံပွဲ၏ လေထုက အဘယ့်ကြောင့် မူမှန်မနေရသလဲ ဆိုသည်ကို ယခုမှသာ သဘောပေါက်ချေတော့၏။ စင်စစ်တွင်တော့ ဟော့ယွီမှ သူ့ကို ပြီးပြီးရော ငှားပေးလိုက်သည့် ဤ လဲဝတ်ထားသော အင်္ကျီကြောင့် ဖြစ်ပါ၏။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။