- ၇၄ -

352 46 5
                                    

ခင်ဗျား ဘာလို့ ထပ်ထွက်သွားပြန်တာလဲ။

ကိုယ်ရေးဒေါက်တာဟာ ရောက်လာခဲ့ပေတော့၏။ စင်စစ် လွီကျီးရှူး ပြောခဲ့သည့်အတိုင်း အနှီ ခပ်ငယ်ငယ် ဒေါက်တာလေးဟာ မျက်ခုံး၊ မျက်လုံး ထင်းထင်းနှင့် ကိုယ်ဟန် ကြော့ရှင်းသွယ်လျကာ၊ အင်္ဂလိပ် အမည်မှာမူ အန်တိုနီပေတည့်။
  
ဒေါက်တာ အန်တိုနီ၏ စရိုက်သကန်က မဆိုးလှပေ။ စိတ်နေသဘောထား ပြေပြစ်ကာ၊ အမည်တပ်ရခက်ဖွယ်ကောင်းစွာနှင့်ပင် မြင်ရသည်မှာ ရင်းနှီးနေသော ခံစားချက်မျိုး ပေးစွမ်းနေပေ၏။
  
သို့သော် ဟော့ယွီ အတွက် အကြင်သူ၏ နာမည်နှင့်တကွ မျက်နှာကိုပင် မမှတ်မိနိုင်သည်မှာ အရေးမပါသော သညာပုဒ် တစ်ခုနှယ်။
  
ဤ အရေးမပါသော သညာပုဒ်ဟာ ဟော့ယွီကို စတင်၍ အိပ်မွေ့ချ ကုသပေးလာပါတော့၏။

ဒေါက်တာ-အန်တိုနီ:“ သခင်လေး-ဟော့၊ ကျေးဇူးပြုပြီး လှဲလိုက်ပါ၊ စိတ်ကို လျှော့ထားပြီး ကျွန်တော်နဲ့ အတူ ခပ်ပြင်းပြင်း အသက်ရှူသွင်း၊ ရှူထုတ် သုံးကြိမ် လိုက်လုပ်ပေးပါ ...... ”
  
“ အရင်က ကြုံခဲ့ဖူးတဲ့၊ သခင်လေးကို အထူးတလည် ပျော်ရွှင်စေတဲ့ အဖြစ်အပျက်ကို တစ်ချက် စဉ်းစားကြည့်လိုက်ပါ ”

“ ...... မရှိခဲ့ရင်ရော ဘယ်လိုလုပ်မလဲ ”
  
ဒေါက်တာဖြစ်သူဟာ တစ်ခဏမျှ ကြောင်သွားပြီး၊ ‌မရှေးမနှောင်း၌ ဆိုလာခဲ့၏:“ အဲ့ဒါဆိုရင် သခင်လေး ဖြစ်လာဖို့ မျှော်လင့်နေတဲ့ အရာကို စဉ်းစားကြည့်လိုက်ပါ ”

ဟော့ယွီဟာ မျက်လုံးများကို မှိတ်၍ စတင်တွေးတောလိုက်ပါတော့၏။

ဘာဖြစ်လာဖို့ သူ မျှော်လင့်မိတာလဲ ......
  
သူ့ကိုယ်သူ ဘယ်တုန်းကမှ မမွေးဖွားလာဖို့ မျှော်လင့်နေမိတာလည်း ဖြစ်နိုင်သည်။
  
သူရော၊ လွီကျီးရှူးပါ ကောင်းကောင်းမွန်မွန် ရှိနေပြီး၊ ဆေး၏ သက်ရောက်မှုကို မခံစားရဘဲ သာမန်လူ တစ်ယောက် အဖြစ် ရှိနေနိုင်ဖို့ကို မျှော်လင့်မိခြင်းလည်း ဖြစ်နိုင်ပါ၏။
  
ထပ်ဖြစ်နိုင်တာက ……

——
  
“ ခင်ဗျားတို့တွေ ကျွန်တော့်ကို မွေးပြီး ကျွန်တော့်ဆီမှာ ရောဂါပါလာတာ သိသိလိုက်ချင်းကတည်းက လည်ပင်းညှစ်သတ်ခဲ့သင့်တာ! ”
 
ကုသပေးသူ၏ အိပ်မွေ့ချမှုထဲတွင် သူဟာ မျက်လုံးများကို မှိတ်လျက်၊ အသိစိတ်ဟာ လွန်ခဲ့သော ရက်ပိုင်းဆီသို့ ဖြည်းညင်းစွာ ရောက်ရှိသွားခဲ့ပေ၏ ......
  
သူ တိုက်ပေါ်က ‌ပြုတ်ကျပြီး စစနိုးလာချင်း အချိန်ကို မက်နေလေ၏။ ‌
  
သူဟာ ဟော့ကျိဝေးနှင့် အချင်းများနေခဲ့လေသည်:“ ခင်ဗျားတို့တွေ အတွက်လည်း နေ့တိုင်း ရင်တမမ ဖြစ်နေရချိန်မှာ ကျွန်တော့်ရဲ့ နေ့ရက်တိုင်းကလည်း လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုပဲ။ တကယ်တမ်းတော့ အပြန်အလှန် ညှင်းပန်းနေမိခဲ့ကြတာ၊ အဓိပ္ပါယ်မဲ့လွန်းတယ် ”

ဆေးမှတ်တမ်းချုပ်Where stories live. Discover now