၎င်းက သူ့မိဘတွေကို ဝင်တိုက်သွားခဲ့တာ။
“ ခင်ဗျား သူငယ်ချင်း?”
တဒင်္ဂမျှ ကြာပြီးနောက်မူ ရှဲ့ချင်းချန်သည် ဖုန်းချလိုက်လေတော့ကာ၊ အခန်းတွင်းသို့ ပြန်ဝင်လာခဲ့ပါတော့၏။ ထိုတွင် ဟော့ယွီက ဤသို့နှယ် မေးမြန်းလာခြင်း။
ရှဲ့ချင်းချန်သည် ဟော့ယွီကို များများစားစား ရှင်းပြဖို့ရာ အစီအစဉ် မရှိပါပေ။ အထက်တန်းလွှာတို့ သဘောအရ မေ့လွယ်ပျောက်လွယ် ရှိတတ်ကြသည်ပေမို့ ဟော့ယွီသည် ထမင်းတစ်နပ် စားဖို့ရာ အကြောင်းပါခဲ့ဖူးသည့် ချန်မန့်ကို အစောကြီးကတည်းက မေ့သွားလောက်လေပြီ ဟုသာ မှန်းဆမိလိုက်ပါလေ၏။ သို့ဖြင့် ရိုးရိုးရှင်းရှင်းသာ ဆိုလိုက်ပေသည်:“ အဲ့လိုမျိုးပဲ ”
“ အစောလေးတင်ကမှ အလုပ်ပြီးသွားလို့ ဒီကို လာခဲ့တော့မယ်လို့ သူ ပြောသွားတယ် ”
“ ငါ မလာခိုင်းလိုက်ဘူး ”
ရှဲ့ချင်းချန်သည် ချန်မန့်ကို နှင်လွှတ်လိုက်ပြီးနောက် ပြုတ်ပြီးသွားပြီ ဖြစ်သော ခေါက်ဆွဲတို့ကို မီးဖိုချောင်ထဲမှသည် သယ်ထွက်လာခဲ့လေ၏။ သူ့တွင် ဇယ်ဆတ်သလို အလုပ်များနေရချိန်၌ သခင်လေး-ဟော့ဟာတော့ နံဘေးမှသည် သခင်ကြီးအလား ရပ်ကြည့်နေခဲ့ပြီး၊ ထကူလာမည့် အရိပ်အယောင်ပင် မရှိဘဲ၊ ချန်မန့် အကြောင်းကို မေးဖို့ရန်သာ သိပါလေ၏။“ သူက ခင်ဗျားကို လာရှာဖို့ရာ ဘာလို့ အဲ့လောက် စိတ်အားထက်သန်နေတာလဲ ”
“ ပြောပြီးပြီပဲ သူငယ်ချင်းတွေပါလို့ ”
“ တော်တော်လေး ငယ်သေးတယ်မလား၊ ဘယ်နှနှစ်လဲ? ”
“ မင်းနဲ့ သိပ်မကွာဘူး ”
“ ပါမောက္ခ-ရှဲ့မှာ အသက်ကွာတဲ့ သူငယ်ချင်း ဆက်ဆံရေးတွေ အများကြီး ရှိတာပဲ ” ဟော့ယွီက ပြောပါ၏:“ လူကြီးမင်းမှာ မျိုးဆက်ကွာဟချက်ရယ်လို့ မရှိတော့ဘူးပေါ့? ”“ ...... ”
အကြင်သူသည် ထူးဆန်းနေသည် ဟု ရှဲ့ချင်းချန် ခံစားမိရပါ၏။ သို့ဖြင့် တူကို ဒေါက်ခနဲ မြည်အောင် ချလိုက်ရင်း အေးစက်စက် အကြည့်တို့ဖြင့် ဆိုလိုက်ပါ၏:“ မင်းက နဂါးငွေ့တန်း ရဲတပ်ဖွဲ့ဝင်မို့လား?အဲ့လောက် အကျယ်တပြန့်တွေ မေးနေရအောင် မင်းနဲ့ ငါ့ရဲ့ လူမှုအသိုင်းအဝိုင်းက ဘာဆိုင်လို့လဲ ”
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။