သူ ကျွန်တော့်ဆီကနေ အဖျားဝင်တဲ့အထိ အနှိပ်စက်ခံခဲ့ရတယ်။
နယ်မြေခံရဲစခန်း၏ ဆေးပေးခန်းတွင်ကား စမ်းသပ်ရေး ကိရိယာများ များများစားစား မရှိသကဲ့သို့ ဒဏ်ရာ ကုသဖို့ရာ ပစ္စည်းများသာလျှင် အတန်များပြားလှပေရာ အဆုံး၌မူ ရှဲ့ချင်းချန်မှာ ချန်မန့်ထံမှသည် ဆေးရုံဆီသို့ ခေါ်ဆောင်သွားပေးခြင်းကိုသာ ခံလိုက်ရလေတော့၏။
ချန်မန့်ခမျာမှာ ညခင်းညတာကြီးတွင် အရေးပေါ် ဆေးကုသမှု ခံယူနိုင်ဖို့ရာအတွက် စာရင်းသွင်းရ၊ ဆေး သွားယူရ၊ သွေးစစ်ချက်အဖြေ စောင့်ရနှင့် ပြေးလွှားနေခဲ့ရပေ၏။ ရှဲ့ချင်းချန်မှာတော့မူ ရေခဲတမျှ အေးစက်နေသော ဆေးရုံမှ သံကုလားထိုင်ထက်တွင် မှီရင်း မျက်လုံးများအား မှိတ်၍ အနားယူနေခဲ့လေ၏။
တစ်ခဏမျှ အကြာတွင် ချန်မန့်ဟာ ဝန်ဆောင်မှုပေးရာ ပြတင်းမှန်မှသည် ပြန်ရောက်လာလေတော့ကာ၊ လက်ထဲ၌မူ ယခုနလေးတင်ကမှ ထွက်ရှိလာခဲ့သော ဆေးစစ်ချက် အဖြေစာရွက် တစ်ရွက်ကို ကိုင်ဆောင်ထားခဲ့လေ၏။
အနှီ အဖြေစာရွက်ပေါ်၌ ရေးထားသော စာကြောင်း တစ်ကြောင်းကြောင့် သူ၏ မျက်လုံးများကိုပင်လျှင် ကန်းများ ကန်းသွားရလေသလား ဟု သံသယဝင်မိခဲ့စေလေ၏ -- သရက်သီး ဓာတ်မတည့်မှု။
" ဒီက ဘော်ဒါ၊ ခင်ဗျားနှယ်ဗျာ အသက်ပဲ ဒီလောက် ရနေပြီကို ကိုယ်နဲ့ ဘာက ဓာတ်မတည့်ဘူးလဲ ဆိုတာတော့ သိထားသင့်တယ် မဟုတ်ဘူးလား? "
ညရေးညတာ အရေးပေါ် ကုသရေးဌာနမှ ဆရာဝန်က မျက်မှန်အား ပင့်တင်လိုက်ရင်း ရှဲ့ချင်းချန်ထံသို့ ပြောလာ၏။
" ဒါကျ ဂရုမစိုက်ရာ ကျလွန်းတယ်နော်၊ ဒီ ညွှန်းကိန်းကိုပဲ ကြည့်၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ "
ပြောနေရင်းဖြင့် စုတ်ချက်နောက်မှသည် မြွေ၊ နဂါးတို့ လိုက်ပါယိမ်းနွဲ့ကခုန်နေသည့်ပမာ အနက်ဖော်ရခက်သော လက်ရေးလက်သားများဖြင့် ဆေးတစ်ပုံတစ်ခေါင်းအား ဆေးစာ ရေးပေးနေလေ၏။
" ဒီလို တုံ့ပြန်မှု ပြင်းထန်တဲ့ လူနာမျိုးတွေ အတွက်ဆို ကျွန်တော်တို့ဘက်က ဓာတ်မတည့်မှုကို တွန်းလှန်ပေးတဲ့ ဆေး ထိုးပေးတတ်ပါတယ်၊ ဒါပေမဲ့ လူနာရဲ့ အခြေအနေ ပြင်းထန်မှု အပေါ် မူတည်ပြီးတော့ သုံးရက်လောက် ထိုးဖို့တော့ လိုအပ်တတ်တယ်။ အကယ်လို့ အလုပ်များတယ် ဆိုရင်တော့ လတ်တလောမှာ စလိုင်းသွင်းလို့လည်း ရသေးတယ်။ အဲ့ဒါကတော့ ဒီနေ့ည ချိတ်ပြီးသွားတာနဲ့ ရပြီ။ ခင်ဗျားတို့တွေ ဘယ်တစ်မျိုးနဲ့ ပိုအဆင်ပြေမလဲ ဆိုတာ ကြည့်ကြည့်ကြပေါ့ "
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။