- ၂၀ -

136 23 0
                                    

ကျွန်တော်တော့ သူ့ဆီမှာ လက်ပူးလက်ကြပ် အမိခံလိုက်ရပြီ။

အစကတော့ ရှဲ့ချင်းချန်မှာ ထိုမျှ အသေးတစိတ် မကြည့်ဖြစ်ခဲ့ပါပေ။ ဟော့ယွီထံမှ ထိုသို့ ကြားလိုက်ရခါမှသာ တစ်ဖန်ထပ်၍ ကြည့်ကြည့်ဖြစ်တော့၏။ A4ဆိုဒ် စာရွက်၏ ထောင့်ဆုံးပိုင်းတွင် ဘောင်ခတ်ထားသော အကွက် တစ်ကွက် ရှိနေလေကာ၊ ဘောင်အထက်၌ “ဟိုမိုယောက်ျားသား၏ အချက်အလက် ဖလှယ်ဝိုင်း” ဟု ရေးထားပြီး၊ ယင်းအကွက်ထဲ၌ သူ၏ အမည်နာမမှာ ကြိမ်ဖန်များစွာ ပေါ်လာတတ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

“ ...... ” ရှဲ့ချင်းချန်မှာ မကောင်းသော ရှေ့ပြေးနိမိတ်ဆိုးတို့အား ခံစား၍ ရလိုက်ပါလေ၏။

မျှော်မှန်းထားသည့် အတိုင်းကိုပင်၊ အဆိုပါ စာတို့အား နှစ်ဦးသား အတူတူ ဖတ်ဖြစ်လိုက်ကြသည့် အခါတွင် အရာခပ်သိမ်းမှာ အကျိုးနည်း သုညကလေးတစ်သိုက် ဖြစ်နေခဲ့ရချေ၏။

ထိုထဲ၌ အနှီ သုညကလေး တစ်သိုက်မှာ အနီးတစ်ဝိုက်ရှိ တက္ကသိုလ်၊ ကောလိပ်အနည်းငယ်မှ သုညအသိုင်းအဝိုင်း၏ နတ်သုဓာ အကြောင်း ကျွက်ကျွက်စီအောင် ဆွေးနွေးထားကြပေ၏ —— ဘွင်းဘွင်းရှင်းရှင်း ပြောရလျှင်မူ ဤနေရာ၌ ရှိနေကြသူများမှာ အထက်ပုဂ္ဂိုလ် မရှိ၍ မှီတွယ်ရာမဲ့နေကြရှာသော သံဝါသအပြုခံကြရချင်နေသူများသာလျှင် ဖြစ်ကြပေသည်။

ရှဲ့ချင်းချန်၏ နာမည်အား ထည့်ညွှန်းထားသော ပထမဆုံး တစ်ခုမှာ ဘောပင်ဖြင့် ရေးထားလေ၏။ လက်ရေးစာမှာ အရောင်လွင့်နေလေပြီ ဖြစ်ကာ အတန်ငယ်ပင် ကြာခဲ့ပေပြီ။ စာအား ရေးသားထားသူမှ ပြောထားသည်ကား “နံဘေးက ဆေးကျောင်းမှာ ပါမောက္ခတစ်ယောက် အသစ်ရောက်လာတယ်၊ နာမည်က ရှဲ့ချင်းချန်တဲ့၊ လွှတ်ချော၊ အရှိန်အဝါက ရှယ်အယ်လ်ဖာဆန်၊ ပြီး‌တော့ အေးတိအေးစက်လေး၊ သူ့ဆီကနေ ချစ်တင်းအနှောခံချင်လိုက်တာ” ဟူ၍။

အောက်ဘက်၌မူ စစချင်းတွင်တော့ လူအချို့က သူ့အား ဒူးချောင်မဲ့ကောင် ဟု ပြက်ရယ်ပြုထားကြပါ၏။

သို့သော် မရှေးမနှောင်းတွင်ပင် မှတ်ချက်အသစ်တစ်ခု ထပ်ဝင်လာရကာ၊ စကားအသွားအလာတို့မှာ မူမမှန်စပြုလာရလေတော့၏။

ဆေးမှတ်တမ်းချုပ်Where stories live. Discover now