- ၄၇ -

86 20 0
                                    

နာကျင်ရလွန်းလှ၏။

လွန်ခဲ့သော ခြောက်နှစ်။

တိတ်ဆိတ်၊ အေးစက်နေသော ဟော့အိမ်တော်၌။

ရယ်မောသံ ဟူ၍ မရှိ၊ အဖော်ပြုမှု ဟူ၍ မရှိ။
  
အိမ်ရှိ အိမ်အကူများမှသည် ဟော့ကျိဝေးနှင့် လွီကျီးရှူးတို့၏ ညွှန်ကြားချက်အတိုင်း ဟော့ယွီ အတွက် ကိတ်ပြင်ပေးထားခဲ့ကြပါသည့်တိုင် ဟော့ယွီဟာ သွားမစားဖြစ်ခဲ့ပါပေ။ သူ၏ မွေးနေ့၌ မိဘဖြစ်သူတို့ဟာ သူ့အနား၌ ရှိမနေခဲ့ကြဘဲ ညီငယ်ဖြစ်သူနှင့်သာ ယန်းကျိုးတွင် ရှိနေခဲ့ကြပေ၏။ အကြင်သူတို့က ပြောခဲ့ကြပေသည် —— ယနေ့၌ အလွန်တရာ အရေးကြီးသော ဖောက်သည်နှင့် ဆွေးနွေးရမည့် ကိစ္စ ရှိကာ၊ ဆွေးနွေးမှု ပြီးဆုံးသွားခါမှသာ လေယာဉ်အမီ ပြန်တက်နိုင်မည့် အချိန် ရှိ၊ မရှိကို ကြည့်ရတော့လိမ့်မည် ဟု။
  
သူ့၌ သူငယ်ချင်းအပေါင်းအသင်း ဟူ၍လည်း များများစားစား မရှိခဲ့ပါ‌ပေ။ သူသည်က အတန်းဖော်တို့ အပေါ်၌ အလွန်တရာ ယဉ်ကျေးကာ၊ အနေစိမ်းလှသဖြင့် အကြင်သူတို့အား မွေးနေ့ပွဲသို့ ဖိတ်ဖို့ရန်မှာ အလွန်အမင်း ကိုးရိုးကားရားနိုင်တော့သည်သာ။
 
အနှီနေ့က ရှဲ့ချင်းချန်ဟာလည်း ဟုကျိုးတွင် ရှိမနေခဲ့ပါပေ။ အကြင်သူသည် ဆွေးနွေးပွဲ တစ်ခုသို့ တက်ရောက်နေခဲ့ရကာ၊ ရှဲ့ရွှယ်၏ စာတိုထဲ၌ မေးမြန်းထားခဲ့သည့် အတိုင်း အလုပ်ခရီးသို့ စင်စစ် ရောက်ရှိနေခဲ့ရဟန်။

ရာသီဥတုသည်ပင် သူ့ဘက်သို့ မပါခဲ့ပါပေ။ အပြင်ဘက်၌ မိုးများ သည်းထန်စွာ ရွာသွန်း၍ လေထန်နေခဲ့ရကာ ဟော့ယွီမှာမူ ဧည့်ခန်းအတွင်း၌ ရပ်နေခဲ့ပါ၏။ ဥရောပစတိုင် မျက်နှာကြက်-ကြမ်းလုံးပြည့် ပြတင်းပေါက်ကြီးမှာတော့မူ ဤအခိုက်၌ တဖျတ်ဖျတ် ပြောင်းလဲနေရသည့် ချောက်ချားစဖွယ် မင်ဆေးပန်းချီ တစ်ချပ် အဖြစ်ဖြင့် အပြင်ဘက်ဆီမှ ဒလဟော ရွာသွန်းမိုးကို ဘောင်ခတ်ထားပါလေ၏။

ဒေါင်——ဒေါင်——ဒေါင်
  
စံအိမ်တော် အတွင်းရှိ ဧရာမ နာရီကြီးကား တစ်နာရီခြား တစ်ခါ အသံမြည်နေခဲ့ကာ၊ အကြိမ်တိုင်း၌လည်း နာရီဒိုင်ခွက်ထက်မှ အချိန်ကို အလွဲအမှား မရှိ၊ တိကျစွာဖြင့် တီးခေါက်ကြေညာနေရလျက်သား။
 
နေ့လယ်ခင်းမှသည် ဆည်းဆာချိန်ထိတိုင်၊ နေဝင်ရီ မှောင်ရိပ်သန်းချိန်ထိတိုင်။
 
“ သခင်လေး ...... မစောင့်ပါနဲ့တော့၊ ဥက္ကဋ္ဌ-ဟော့နဲ့ ဥက္ကဋ္ဌ-လွီတို့က ဒီနေ့ ပြန်မလာနိုင်တော့ဘူးလို့ ပြောထားကြပါတယ် ” အိမ်တော်ထိန်းကြီးခမျာ မခံစားရက်တော့စွာဖြင့် ရှေ့သို့ သတိတကြီး တိုးသွားလိုက်ရင်း ဟော့ယွီ အပေါ်သို့ အင်္ကျီတစ်ထည် ခြုံပေးလိုက်ကာ:“ သခင်လေး၊ နည်းနည်းလောက် စောပြီး အနားယူသင့်ပါတယ် ”
  
“ အဆင်ပြေပါတယ်ဗျ၊ တကယ်လည်း ဒီနေ့က နေ့ထူးရက်မြတ်ရယ်လို့ မှတ်ယူလို့မှ မရတဲ့ဟာ ” ဟော့ယွီက ခေါင်းကို လှည့်၍ ပြုံးပင် ပြုံးပြလိုက်သေးကာ:“ ဦးလေး လုပ်စရာ ရှိတာသာ သွားလုပ်နေလိုက်ပါဗျ၊ ကျွန်တော်လည်း တစ်အောင့်လောက်နေရင် အနားယူတော့မှာပါ၊ ကျွန်တော် ခဏလောက်လေး မိုးကို ထပ်ကြည့်နေလိုက်ဦးမယ် ”

ဆေးမှတ်တမ်းချုပ်Where stories live. Discover now