ဒီလိုဆိုလည်း တွဲသရုပ်ဆောင်ကြည့်ကြတာပေါ့။
ပိတ်ကား၏ အနောက်ဘက်ခြမ်း၌ ဟော့ယွီနှင့် ရှဲ့ချင်းချန်တို့ နှစ်ဦးသား စကားပြောနေကြစဉ်တွင် မိမိမိုက်မိုက် ဒါရိုက်တာ အစ်မသည် ယနေ့ည၌ ထိုမျှ စောစော အလုပ်သိမ်းနိုင်ချေ ရှိမည် မဟုတ်သည်ကို တွေးမိလိုက်ရာ ဤ ဇာတ်လမ်းစု၏ ခေါင်းဆောင် တာဝန်ခံ ဖြစ်သော ကျန်လိဖျင်-လောင်ရှစ်ထံသို့ ဆက်သွယ်လိုက်ပါလေ၏။ သူ(မ)မှ တစ်ဆင့် ကျောင်းအဆောက်အအုံများကို စီမံရသည့် တာဝန်ခံထံသို့ ဇာတ်ရုံပိတ်မည့် အချိန်ကို နောက်ဆုတ်ပေးဖို့ရန် ကြိုတင်၊ အကြောင်းကြားပေးထားစေနိုင်လိုသော မျှော်လင့်ချက်တို့ဖြင့်။
" တူ ...... တူ ...... "
ဒါရိုက်တာဘက်မှ ဖုန်းခေါ်ဆိုလိုက်ရာ၌ စောင့်ဆိုင်းရခြင်းက ကပ်ပါလာခဲ့ပေ၏။
ကျောင်းဟိုတယ်ထဲမှ အခန်းတစ်ခန်းထဲရှိ အိပ်ရာခင်းထက်မှ ကျန်လိဖျင်၏ ဖုန်းမှာ တုန်ခါလာရပါတော့၏။
သို့တိုင် လက်ကိုင်ဖုန်း၏ တုန်ခါမှုမှာ ဘာမျှ မဟုတ်သေးပါချေ။ ဟိုတယ်ခန်း အတွင်းရှိ မွေ့ယာခင်းထက်မှ လှုပ်ရှားမှုများဟာ လက်ကိုင်ဖုန်းထဲကထက်ပင် များစွာ ပြင်းထန်နေရချေသေး၏။ အမျိုးသမီးကား ဖုန်းကို လက်ခံခြင်း မရှိပါဘဲ၊ ယစ်မူးနေရသည့် အလား စွဲမက်ဖွယ် အသွင်ကလေးကို ထင်နေစေလျက်ဖြင့် အမျိုးသားနှင့် လုံးထွေးနေလေ၏။
အချိန်အတန်ကြာပြီး နောက်မှသာ လှုပ်ရှားမှုများမှာ ရပ်တန့်သွားရတော့၏။
" အိုင်း၊ အစောတုန်းက မင်းဆီ ဝင်လာတဲ့ ဖုန်းသာ သေမလို လောဆော်မနေရင် ငါ ဒီထက်ကြာကြာ စွမ်းဆောင်နိုင်နေဦးမှာကို "
ကိစ္စပြီးသွားသည့် နောက်၌ ကြံ့ခိုင်သန်စွမ်းသော အမျိုးသားသည် ဆေးလိပ်မီးညှိလိုက်လျက် ခုတင်ထက်၌ ရှိနေသော အမျိုးသမီးထံသို့ ဤသို့နှယ် ပြောလိုက်ပါလေ၏။
ကျန်လိဖျင်ကား ပျင်းရိပျင်းတွဲဖြင့် သူ့ကိုယ်ထက်၌ မှီနွဲ့နေလျက် ကလူ၏သို့၊ မြှူ၏သို့သော ပိုးသားပမာ အကြည့်လေးများဖြင့်:" လူကိုပဲ အလုံအလောက် လူးလိမ့်နေရအောင် လုပ်ပြီးပြီကို ရှင်က ဘာတွေများ ထပ်လိုချင်နေရသေးတာလဲ? "
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။