- ၆၉ -

391 36 0
                                    

ရုပ်ရှင်သွားကြည့်ဖို့ ကျွန်တော် သူ့ကို ချိန်းခဲ့တယ်။

“ တုံးနေလား!နင် ကြည့်လေ၊ အဲ့ ဗိုလ်မှူးရဲ့ မျက်နှာအောက်ပိုင်း တစ်ဝက်ကို နင် ရင်းနှီးနေပါတယ်၊ ဝေ့သုန်းဟန်နဲ့ တထေရာတည်း ချွတ်ဆွတ်ကြီးကို ..... သေချာပေါက် ဝေ့အိမ်က လူပဲ ဖြစ်မှာပေါ့ ”

“ ကြားတာတော့ ဝေ့သုန်းဟန်က သိပ်မကြာခင်သေးခင်ကတင် အဆောင်မှာ သူ့အိမ်နဲ့ စကားများထားတယ် ဆိုပဲ၊ စတုတ္ထနှစ်ရဲ့ ဒုတိယ စာသင်နှစ်ဝက်ကို ကျောင်းမလာဖြစ်လောက်မဲ့ပုံ ရှိတယ်။ သူ့အဖေက သူ့ကို ရှီးပေ သွားခိုင်းထားတာတဲ့ ”
 
“ ဘာလုပ်ဖို့ ရှီးပေ သွားရတာတုန်း? ”
  
“ မသိပါဘူး......ဒါပေမဲ့ သူ့‌အဖေ ကိုယ်တိုင်က အနောက်ပိုင်း စစ်နယ်ဝန်းက တပ်မှူးမလား?သားတော်မောင်က မိသားစုရဲ့ စည်းစိမ်ဥစ္စာတွေကို ဖြုန်းတီးလွန်းအားကြီးတယ်လို့ ခံစားရလို့ နည်းနည်းပါးပါး သင်ခန်းစာ ပေးရအောင် လှမ်းခေါ်လိုက်တာ နေမှာပေါ့ ”
  
“ ......ဝေ့သုန်းဟန်ရဲ့ ဆိုးတေနေတဲ့ စရိုက်နဲ့ သူက လက်ရောခံနိုင်ပါ့မလား....... ”
  
ကျောင်းသား/သူများဟာ စစ်ရေးသုံး ဂျစ်ကား နံဘေးမှသည် တီးတိုးတီးတိုးဖြင့် ဖြတ်လျှောက်သွားကြပေ၏။

“ ……ကိုလတ် ”
 
“ ဩ၊ ရောက်လာပြီပဲ ” စစ်ရေးအရာရှိက ခေါင်းလှည့်လာပြီး၊ ရွှင်ပြစွာ ပြုံးလိုက်ပေ၏။
  
သူ့ရှေ့တွင် ရပ်နေသူကား အေးတိအေးစက် မျက်နှာထားနှင့် ဝေ့သုန်းဟန်ပင်။
  
“ ငါ မင်းကို စုဖို့ ပြောလိုက်တဲ့ အချိန်က သုံးနာရီအတိ။ မင်းကတော့ တကယ့်ကောင်ပဲ၊ လေးနာရီ ဆယ့်ငါးမိနစ်မှ ထွက်လာတော့တယ်။ မင်းသာ ငါ့တပ်ထဲက ဆိုရင် တောင်ပေါ်ကနေ ပစ်ချပြီး အပြေးလေ့ကျင့်ရေး ဆင်းခိုင်းပစ်လိုက်ပြီ၊ ဆယ့်ငါး ကီလိုမီတာကနေ စပြီး။ မင်းက ငါ့ညီ ဖြစ်နေတာကို ထောက်ဆပြီး မပေးချင်ပေးချင်နဲ့ နည်းနည်းပါးပါးတော့ လျှော့ပေးရမှာပေါ့၊ တစ်ဆယ် ကီလိုမီတာကတော့ မဖြစ်မနေ လုပ်ကို လုပ်ရမယ် ”
  
ဝေ့သုန်းဟန်၏ စိတ်အခြေအနေက အလွန်တရာ ဆိုးရွားနေရရှာလေဟန်။ သူက ဆိုလာလေသည်:“ ကျွန်တော့်ကို အဲ့ဒီစည်းကမ်းတွေနဲ့ လာမထိန်းချုပ်နဲ့ ”
  
“ အိုက်ယိုး၊ ဘိုးဘေးလေးရဲ့ ခင်ဗျားလေးကို ကျုပ် မထိန်းချုပ်ဝံ့ပါဘူးဗျာ၊ ကျုပ်က ဘယ်နေရာမှာများ အရည်အချင်း ပြည့်မီပါ့မလဲ ”

ဆေးမှတ်တမ်းချုပ်Where stories live. Discover now