- ၃၀ -

124 23 2
                                    

ဘယ်သူက နို့သောက်လို့လဲ။

မျက်တစ်ခတ် အတွင်းတွင်ပင် ရက်သတ္တပတ်တစ်ခု ကုန်ဆုံးသွားခဲ့ပြန်လေ၏။
 
ဤတစ်ပတ် ပိတ်ရက်၌ ရှဲ့ချင်းချန်သည် ဆေးတက္ကသိုလ်ထဲတွင် မနေဖြစ်ပါပေ—— သူသည် ဟုကျိုးမြို့လယ်ခေါင်ထဲရှိ အနှီ အိမ်ဟောင်းလေးဆီသို့ ပြန်သွားကြည့်ကြည့်ဖြစ်မည် ဖြစ်ပါ၏။

သူတို့မောင်နှမတစ်တွေ တက္ကသိုလ် တက်ဖြစ်ခဲ့ကြစဉ်မှ စကာ အိမ်ဟောင်းထဲ၌ အခြေတကျ မနေဖြစ်ခဲ့ကြတော့ပါပေ။ မည်သို့ပင် ဆိုစေကာမူ ယောကျာ်း၊ မိန်းမ ကွာခြားချက် ဟူ၍ ရှိနေကြပေရာ ရှဲ့ချင်းချန်နှင့် ရွှဲ့ရွှယ်တို့ အဖို့ အနှီ ပေလေးဆယ်ပင် မပြည့်သော နေအိမ်ငယ်လေးထဲ၌ နေထိုင်ကြဖို့ရန်မှာ အတန်ငယ်မျှ ကိုးရိုးကားရားနိုင်လှသည်ပေ။

သို့သော် သူတို့နှစ်ဦးသားနှင့် အိမ်နီးချင်းတို့၏ ဆက်ဆံရေးမှာ အလွန်တရာပင် ကောင်းမွန်ကြပြီး၊ အန်တီလီဆိုလျှင် သူတို့ကို မိခင်ရင်းချာသဖွယ်ပင် ချစ်မြတ်နိုးပေးရှာလေရာ မောင်နှမ နှစ်ယောက်သည် အန်တီလီနှင့် ထမင်းလက်စုံစားရန် မကြာခဏ ဆိုသလို ပြန်သွားတတ်ကြလေ့ ရှိပြီး၊ ရက်အနည်းလောက် နေတတ်ကြပေသည်။
 
ယခုတလော၌ ရှဲ့ချင်းချန်မှာ အလုပ်များနေခဲ့ရသဖြင့် အိမ်သို့ မပြန်ဖြစ်ခဲ့သည်မှာ အတန်မျှ ကြာခဲ့ရလေပြီ။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် ဤ တစ်ပတ်၌ အချိန်ရသဖြင့် ရှဲ့ရွှယ်ထံသို့ ဖုန်းလှမ်းဆက်လိုက်ပါလေ၏။
  
“ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေကျရင် အန်တီလီဆီ သွားကြရအောင်၊ ငါ မင်းကို ကားနဲ့ လာခေါ်လှည့်မယ် ”

မမျှော်လင့်ပါဘဲ ရှဲ့ရွှယ်က ပြောလာခဲ့လေ၏:“ ညီမလေး တစ်နေ့ညတုန်းက အဲ့ဘက်ကို ဖြတ်သွားဖြစ်တာနဲ့ သူ့ဆီကို သွားတွေ့ဖြစ်ခဲ့တယ်ရယ် ”

“ ...... မင်း ဘာလို့ ငါ့ကို မပြောတာလဲ ”
  
“ ညီမလေး—— ” ရှဲ့ရွှယ်က ဝူးတူးဝါးတားဖြင့် စကားလမ်းကြောင်း လွှဲလိုက်လေတော့ကာ:“ ညီမလေး အားနေတာနဲ့ လျှောက်သွားဖြစ်သွားတာ ”
 
“ ဟုကျိုးတက္ကသိုလ်ကနေ မော့ယွီလမ်းအထိ ဆိုရင် ရထားသုံးဆင့် ပြောင်းစီးရမဲ့အပြင်ကို အဲ့ဒီ အ‌နီးအနားမှာလည်း ဘာ ကုန်တိုက်ကြီးကြီးမားမားမှ မရှိတာကို မင်းက မင်းဘာသာမင်း အဲ့ဒီအထိ လျှောက်သွားဖြစ်ခဲ့တယ်ပေါ့လေ? ”
 
“ ဟုတ်၊ ဟုတ်တယ်လေ ”
 
“ ရှဲ့ရွှယ်၊ မင်း ငါ့ကို လာလိမ်မနေနဲ့ ” ရှဲ့ချင်းချန်၏ လေသံမှာ တစ်မုဟုတ်ချင်းပင် အေးစက်သွားရပြီး:“ မင်း ဒီတလောပိုင်းမှာ ငါ့ဆီကနေ တစ်ခုခု ဖုံးကွယ်ထားတယ်မလား? ”
  
ရှဲ့ရွှယ်မှာ အချိန်အတန်ကြာအောင် ဝူးတူးဝါးတား လုပ်နေခဲ့မိသည့်တိုင် ဆင်ခြေ ရှာမရသဖြင့် ပျာယာခတ်စွာသာ “အား” ဟု အသံပြုလာပါလေတော့၏။

ဆေးမှတ်တမ်းချုပ်Where stories live. Discover now