ရှဲ့ချင်းချန်၊ ကျွန်တော် ခင်ဗျားကို ဘယ်တုန်းကမှ မမေ့ခဲ့ဖူးဘူး။
ကျန်းယုံ၏ အနိဋ္ဌာရုံပုံကား ပျောက်ကွယ်သွားလေပြီ။ ယခုအချိန်၌ ကျန်ရှိနေသည်ကား သွေးနီရောင် တောက်နေသည့် နောက်ဆုံးသော စကားလုံး ဖြစ်သည့် —— L.
လက်ကိုင်ပဝါပစ် လူသတ်ဂိမ်း၏ အပိတ်ပွဲကား တရားဝင် စတင်ခဲ့လေပြီ။
“ ခင်ဗျားတို့ သံသယရှိနေတဲ့ Lထဲမှာ ဘယ်သူတွေ ပါနေလဲ ကျွန်တော့်ကို ပြောပြစမ်းပါ ”
အိပ်ခန်းလေး အတွင်း၌ ရှဲ့ချင်းချန်သည် ဆေးလိပ်ကို တစ်ချက်မျှ ခပ်ပြင်းပြင်း ရှိုက်ဖွာလိုက်ပါ၏။ လက်တစ်ဖက်ကို နံရံထက်၌ ထောက်ထားရင်း၊ ကျန်တစ်ဖက်၏ လက်ချောင်းထိပ်လေးများဖြင့် နားထင်တို့ကို ဖိနေလေသည်။ သူသည် မက်မွန်ပွင့် မျက်လုံးကလေးများအား ဝင့်၍ ခပ်လှမ်းလှမ်းရှိ ရုပ်သံလွှင့် မျှော်စင်ထက်မှ အနှီ သွေးရောင်ခြယ် ရောင်ခြည်တန်း တစ်သွယ်ကို စူးစိုက်၍ ကြည့်လိုက်မိပါ၏။ဖုန်းထဲမှ ခေါင်းဆောင်-ကျန့်က စိတ်ရင်းမှန် အရင်းပြု၍ သူ့ထံသို့ တစ်စုံတစ်ရာကို ပြောလာခဲ့၏။
ရှဲ့ချင်းချန်က စိတ်ခံစားချက်များကို ထိန်းထားလိုက်ရင်းဖြင့်:“ ကျွန်တော် ခင်ဗျားနဲ့ ဒီလို အဓိပ္ပာယ် မရှိတာတွေ ပြောမနေနိုင်ဘူး။ ခင်ဗျား ကျွန်တော့်ကို နာမည်စာရင်း ပေးပါ ”“ ...... ”
“ အရင်တစ်ခါက ဟုကျိုးတက္ကသိုလ်ထဲမှာ တွေ့ခဲ့တဲ့ ဧည့်မှတ်ချက်စာအုပ်ကို ကျွန်တော် နယ်မြေခံရဲစခန်းဆီ ပို့ပေးခဲ့တယ်။ အဲ့ဒီထဲမှာ WZL မကြာခင်မှာ အသတ်ခံရတော့မယ်လို့ ရေးထားပြီးတော့ ပို့သသူနေရာမှာ ကျန်းလန်ဖေ့လို့ နာမည်ထိုးထားတယ်။ ခင်ဗျားတို့ ရဲတွေ အတွက် အသုံးဝင်လောက်မဲ့ ပစ္စည်းထင်လို့ ကျွန်တော် ပို့ပေးလိုက်တာ။ ခင်ဗျား ကျွန်တော့်ဆီကနေ ဖုံးကွယ်နေစရာ မလိုဘူး။ အဲ့ဒီလို စာအုပ်မျိုးက အကြောင်းမဲ့တော့ အဲ့ဒီနေရာမှာ ပေါ်လာမှာ မဟုတ်ဘူး။ ပြီးတော့ ဒီနေ့ လူသတ်ဗီဒီယိုထဲက မက်ဆေ့ခ်ျနဲ့ပါ ရှေ့နောက်ညီနေသေးတယ် ”“ ရှောင်-ရှဲ့ ...... ”
“ အဲ့ဒါက ခင်ဗျားတို့ဘက်က သူလျှို ချန်ခဲ့တဲ့ စာမလား?”
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။