- ၇၅ -

313 54 17
                                    

ရှဲ့ချင်းချန်၊ ခင်ဗျား ကျွန်တော့်ကို ဖြေလေ။

ကိုယ်ရေးဒေါက်တာ အသစ်၏ ‌အိပ်မွေ့ချကုထုံး အောက်တွင် ဟော့ယွီ၏ ရုတ်တရက် ရောဂါပြန်ထလာသော အခြေအနေဟာ အဆုံးသတ်၌ ကျော်လွန်သွားခဲ့လေပြီ။ ဒဏ်ရာအနာတရတို့ဟာလည်း တဖြည်းဖြည်းချင်း သက်သာလာခဲ့တော့၏။
  
အိပ်မွေ့ချထားသော အိပ်မက်ကမ္ဘာထဲမှ ရှဲ့ချင်းချန်၏ ပုံရိပ်ဟာလည်း ပိုပိုမှေးမှိန်လာခဲ့ရလေပြီ။
  
ထို့ပြင် ဟော့ယွီ အိပ်မက်ထဲတွင် အနှီ လူသူကင်းမဲ့၍ ရှည်လျားသော လျှောက်လမ်းသို့ ပြန်ပြန်ရောက်သွားတတ်သည့် အကြိမ်ရေဟာလည်း ပိုပိုနည်းပါးလာတော့၏။
  
သူဟာ ဆေးဝါး အမြောက်အမြား သောက်သုံးခဲ့ရသကဲ့သို့ ကုသမှုပေါင်းများစွာလည်း ပြုလုပ်ခဲ့ရပေ၏။
  
ဆယ်ရက်ကျော်ကြာပြီးနောက် ဟော့ယွီဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့တော့လေပြီ။
  
အနှီ နေ့က ဟော့ယွီဟာ မိသားစုဝင်များနှင့် အတူ ဒေါက်တာ-အန်တိုနီကို အပြန်လိုက်ပို့ဖြစ်ခဲ့ကြလေ၏။ လွီကျီးရှူးက ဒေါက်တာကို ကျေးဇူးတင်မဆုံး ဖြစ်နေကာ၊ ဟော့ယွီဟာလည်း အကြင်သူနှင့် လက်ဆွဲနှုတ်ဆက်ဖြစ်ခဲ့လေသည်။

“ ကျေးဇူးပါပဲ ”
  
ငယ်ရွယ်သော အန်တိုနီက ပြုံးလာခဲ့ပြီး:“ စိတ်အခြေအနေကို ထိန်းညှိဖို့ သတိရပါ၊ သခင်လေး။ အရေးကြီးဆုံးကတော့ သခင်လေးရဲ့ နှလုံးသား အနက်တစ်နေရာမှာ ကိန်းအောင်းနေတဲ့ အဲ့ဒီ နှလုံးမိစ္ဆာဆီကနေ တဖြည်းဖြည်းချင်းနဲ့ ကိုယ်တိုင်ကိုယ်ကျ ယတိပြတ် လွတ်မြောက်အောင် လုပ်ဖို့ လိုအပ်ပါတယ် ”

လက်ရှိတွင် အနှီ နှလုံးမိစ္ဆာဟာ ရှဲ့ချင်းချန်သာပေ။
  
ဟော့ယွီက ခပ်ယဲ့ယဲ့ ပြုံး၍ ခေါင်းညိတ်ပြလိုက်လေ၏။

သူက ပြောခဲ့ပါ၏၊ ကျေးဇူးပါပဲ၊ ဒေါက်တာ၊ ကျွန်တော် လုပ်ပါ့မယ် ဟု။
  
အန်တိုနီက သူ့အတွက် အကြို၊ အပို့ တာဝန်ယူထားသော သီးသန့်ကားပေါ်တွင် ဝင်ထိုင်လိုက်ကာ၊ ကားအင်ဂျင်ဟာ နိုးသွားပြီး ကားလေးက ထွက်ခွာသွားခဲ့ပေတော့၏။
  
ကိုယ်ရေးဒေါက်တာဟာ သက်သောင့်သက်သာ ရှိသော အနောက်ထိုင်ခုံတွင် ထိုင်လျက် လက်ကိုင်ဖုန်းကို ဖွင့်လိုက်ပြီး ဓာတ်ပုံပြခန်းကို နှိပ်ကာ မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် ကြည့်နေခဲ့လေ၏။ အလင်းရောင်ဟာ အပြင်ဘက်ဆီမှ အပင်ရိပ်တို့ ကြားမှသည် ကား၏ ပြတင်းမှန်ကို ဖြတ်လျက် သူ၏ လက်ကိုင်ဖုန်း မျက်နှာပြင်ထက်သို့ ခပ်စောင်းစောင်း ကျရောက်၊ တောက်ပနေခဲ့လေ၏။ ၎င်း၏ အထဲမူ——
  
အံ့အားသင့်ဖွယ်ကောင်းစွာနှင့်ပင် ရှဲ့ချင်းချန်၏ ဓာတ်ပုံတစ်ပုံ ရှိနေခဲ့လေ၏!
  
အန်တိုနီက လက်ကိုင်ဖုန်းကို ပိတ်လိုက်တော့ရာ၊ ပြန်လည်မည်းနက်သွားသော ဖုန်းမျက်နှာပြင်ထက်တွင် သူ၏ မျက်နှာက ရောင်ပြန်ဟပ်လာခဲ့တော့လျက်သား။
  
မက်မွန်ပွင့် မျက်ဝန်းတစ်စုံဟာ အစောက ဓာတ်ပုံထက်မှ ရှဲ့ချင်းချန်၏ မျက်လုံးလေးများနှင့် တစ်ထပ်တည်း ကျသွားခဲ့ပါသည့် အလား ......

ဆေးမှတ်တမ်းချုပ်Where stories live. Discover now