- ၇၀ -

276 39 8
                                    

ကျွန်တော် ဘားမှာ သူ့ကို နမ်းခဲ့တယ်။

ဟုကျိုးရှိ တစ်ခုသော ရုပ်ရှင်ရုံ၌။
 
အဖွင့်တီးလုံးသံနှင့် အတူ ရုပ်ရှင်ကားဟာ စတင်ခဲ့လေပြီ။
 
“ ချောက် ”
  
ဖလင်လိပ်ဟာ စတင်လည်ပတ်လာ၍၊ ပိတ်ကားက လင်းလာတော့လျက် ဇာတ်လမ်းဟာ နိဒါန်းပျိုး၍ ပရိသတ်များ၏ မြင်ကွင်းထဲတွင် ရုပ်လုံးပေါ်လာရတော့ပေသည် ......
  
လက်ရှိကာလမှာ ဆောင်းရာသီ အားလပ်ရက်သို့ ရောက်နေခဲ့ပြီ ဖြစ်၍ ပြသနေသည့် ဇာတ်လမ်းများ အားလုံးမှာ ဆောင်းပိတ်ရက်နှင့် နှစ်ကူးအတွက် အချိန်အခါနှင့် လိုက်သော ဇာတ်လမ်းများပေသာ။ ဤ ဇာတ်လမ်းတွင် ကြေးမြင့်သော သရုပ်ဆောင်များ များစွာ ပါရှိကြပြီး၊ အထူးပြုလုပ်ချက်များကလည်း လက်ရာမြောက်ကြလေသည်။ ဇာတ်ဝင်ခန်း တစ်ခုချင်းစီတိုင်းက ညဉ့်ခဏပန်း ကုမုဒြာတို့ ပွင့်လန်းလာရပါသည့်နှယ် လှပလွန်းနေခဲ့ရ၏။ အသားဖော်ထားကြသည့် ရေပန်းစားနေသော နာမည်ကြီး သရုပ်ဆောင်များနှင့် ဇာတ်သယ်ပေးသွားသည့် ဝါရင့်သရုပ်ဆောင်ကြီးများ ပါဝင်ထားကြပြီး၊ ပိတ်ကားတစ်ဖက်ခြမ်းမှသည်ပင် ဘဏ္ဍာငွေများ ကျွမ်းလောင်နေသည့် ရနံ့ကို ရရှိနေနိုင်ပါ၏။
  
ဇာတ်သွားဟာမူ ဦးရေပြားတို့ပင် ထုံကျဉ်စေမတတ် စုတ်ပြတ်သတ်နေခဲ့ရလျက်။
  
ဟော့ယွီဟာ အစပိုင်း၌ အာရုံတစား ကြည့်နေခဲ့မိသေးသော်ငြား ဇာတ်ဆောင်မင်းသမီးက စိတ်သဘောထားချင်း မတိုက်ဆိုင်သည်နှင့် ရှင်းပြသည်ကို နားမထောင်ပါဘဲ မင်းသား အတွက် သူ(မ)၏ မွေးစားမိဘများကို သတ်ပစ်လိုက်တာကို မြင်လိုက်ရသည်နှင့် သူ့အတွက် နည်းနည်းလေးမှ ဆက်ပြီး သည်းမခံနိုင်တော့ပါပေ။
  
သည်းမခံနိုင်တော့သည်မှာ သူတစ်ယောက်တည်းသာ မကသည်က မြင်သာလှစွာ။
 
သူ၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေသော အတွဲတစ်တွဲဟာ ပိတ်ကားထက်မှ သွေးချောင်းစီးနေမှုကိုပင် မမှုတော့ပါဘဲ ၎င်းတို့ အချင်းချင်းသာ မိုးမမြင်လေမမြင် နမ်းရှိုက်၍ စတင်ချစ်ကြည်နူးလာကြပါတော့၏။ နှစ်ဦးသားဟာ နှုတ်ခမ်းလွှာတို့ကို တမြုံ့မြုံ့ ကိုက်ဆွဲရင်း တိုးတိုးတိုးတိုးဖြင့်လည်း ခပ်ညုညု ကလူကျီစယ်နေခဲ့ကြရသေးလျက်။ သူတို့ကိုယ်သူတို့ အသံကို ခပ်တိုးတိုးဖြစ်အောင် နှိမ့်ထားသည် ဟု ထင်နေခဲ့ကြပါသော်ငြား စင်စစ်တွင်တော့ ဘေးခုံများမှ အလုံးစုံ ကြားရှိနေနိုင်ခဲ့ကြပါ၏——
 
“ ဘေဘီလေး၊ ကိုယ့်ကို တစ်ခေါက်လောက် ထပ်နမ်းပါဦး ”

ဆေးမှတ်တမ်းချုပ်Where stories live. Discover now