ကျွန်တော်တို့ ဆိုဖာတစ်ခုတည်းမှာ အိပ်ခဲ့ကြရတယ်။
နှစ်ဦးသားမှာ ၎င်း ကျဉ်းမြောင်းသေးငယ်သော နားနေခန်းထဲတွင် ရပ်နေမိခဲ့ကြလေ၏။ နားနေခန်းမှာ ယခုနလေးတင်ကမှ ကမန်းကတန်း စီစဉ်ခဲ့ရသည့် အတွက်ကြောင့် အိုဟောင်းနေပြီ ဖြစ်သော ဆိုဖာတစ်ခုနှင့် အင်္ကျီတင်ဖို့ရာ ထိုင်ခုံတစ်ခုမှလွဲ အခြား မည်သည့် အရာမှ ရှိမနေပါပေ။ ပရိဘောဂများသည်လည်း ပြင်းထန်သော ပြစ်ဒဏ်အချို့ အစီရင်ခံသင့်သည့် ဆံသဆိုင်¹ကသို့နှယ် ဖြစ်နေလေကာ အတန်ပင် အထူးတဆန်း ပုံပေါက်နေရလေသည်။
• [1] ဆံသဆိုင် - ပြည့်တန်ဆာအိမ်လို့လည်း အဓိပ္ပာယ်ရ။
ဟော့ယွီ:“ ...... ”
ရှဲ့ချင်းချန်:“ ....... ”
ဟော့ယွီသည် လက်ကိုင်ဖုန်းကို လက်လွတ်စပယ် ပစ်ထည့်လိုက်ပြီး၊ ရှဲ့ချင်းချန်ဘက်သို့ ခေါင်းလှည့်၍ ဆိုလိုက်ပါ၏။
“ ခင်ဗျား နားရင် နားလိုက်ပါ့လား၊ ခင်ဗျား အသက်က ကြီးနေပြီ ဆိုတော့ ”
ရှဲ့ချင်းချန်၏ မျက်နှာမှာ မှောင်မည်းသွားရပြီး:“ ငါ့အသက်အရွယ်က နေရာ ဖယ်ပေးခံရ၊ အိပ်ရာ ဖယ်ပေးခံရတဲ့ အခြေအနေကို ရောက်နေပြီမို့လို့လား? ”
ဟော့ယွီမှာ ခြေကုန်လက်ပန်းကျနေခဲ့သည်မှာ အတန်ပင် ကြာမြင့်နေခဲ့ရလေပြီ ဖြစ်၍ စွမ်းအင်တွေ ဖြုန်းတီးပြီး ရှဲ့ချင်းချန်နှင့် မငြင်းခုန်ချင်မိတော့ပါပေ။
“ ထားတော့ဗျာ၊ ဒီ ဆိုဖာကလည်း သေးနေတာမှ မဟုတ်တာ၊ ကျွန်တော်က အအိပ်မကြမ်းပါဘူး၊ ခင်ဗျား အဆင်ပြေတယ်မလား? ”
ဤ စကားကား ချာတိတ်ကလေး၏ ချေငံသော အလျှော့ပေးချက်ရယ် ဟု မှတ်ယူ၍ ရပါပေ၏။
ဟော့ယွီက မည်သူနှင့်မျှ မအိပ်ဖူးလေရာ၊ သူ၏ မှတ်ဉာဏ်ထဲ၌ အိပ်ရာ ဟူသည် အနားယူစရာ နေရာ တစ်ခုသတ်သတ်သာပင်။ သို့သော် ရှဲ့ချင်းချန်အတွက်ကတော့ မတူ၊ လက်ထပ်ဖူးပြီးသား ယောက်ျားသား တစ်ယောက် အနေနှင့် တစ်ပါးသူနှင့် တစ်အိပ်ရာတည်း အတူတူ အိပ်စက်ရခြင်းက အမြဲလိုလိုပင် အတန်ငယ် မူမမှန်သလိုလို ခံစားရပေလိမ့်မည်ပင်။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။