သူက ဂေး။
ဆိုးယုတ်သော နဂါးဟာ တစ်ဖန်ပြန်၍ အိမ်ယာမဲ့သွားရခါ၌ လူရှိရာတွင်သာ နေဖို့ရာ ဇွဲသန်နေခဲ့ရလျက်။ တောင်းပန်တိုးလျှိုနေပုံ ပေါ်နေပါသော်ငြား ရှဲ့ချင်းချန်ကို မလွှတ်တမ်း ဖက်ထားခဲ့ရသည်မှာ အဝတ်လဲခန်းထဲတွင် အပြည့်အဝ မမြည်းစမ်းခဲ့ရသော ဤ ဆန်းသစ်မှုကို တစ်ဖန်ပြန်၍ အရသာခံချင်နေရလိုဟန်။
နဂါးဟာ လူတစ်ယောက်ကို အမှတ်အသား ပေးဖြစ်ခဲ့ပေသော်ငြား အနှီ လူဟာတော့ ခေါင်းလှည့်သွားသည်နှင့် သူ့ကိုယ်သူ အလုံးစုံ ဆေးကြောသန့်စင်ပစ်ခဲ့ပေ၏။ နဂါးကလေးခမျာ မကျေလည်နိုင်စွာ အမြီးကို တဖုတ်ဖုတ် ခတ်နေခဲ့မိရပြီး၊ သဘာဝကျစွာပင် အကြင်သူ့အား တစ်ဖန်မျှ ထပ်၍ အမှတ်အသား ပေးချင်နေခဲ့ရလျက်။
နာရီ အနည်းငယ် ကြာပြီးနောက်။
ရှဲ့ချင်းချန်၏ အကြည့်များဟာ လျော့ရဲနေခဲ့ရပြီး၊ ခေါင်းအုံးများကြားတွင် လဲလျောင်းနေခဲ့ရလျက်သား။
မတိုင်ခင်က သူ၏ စိတ်ပိုင်းဆိုင်ရာတွင် အကာအကွယ်စည်း ပြန်လည်တည်ဆောက်၍ ရေလိုက်ငါးလိုက် လိုက်လျောလိုက်တော့ဖို့ရာ ရွေးချယ်ပြီးသွားပြီ ဖြစ်ပါသည့်တိုင် သူ၏ ရုပ်ပိုင်းဆိုင်ရာဟာတော့ မလိုက်နိုင်သေးဆဲပါပင်။
ယခုမူ သူဟာ ကိုယ်၌၏ အချိန်များကို မနှောင့်နှေးစေရန် အလို့ငှာ ဟော့ယွီနှင့် ဤသို့သော ဆက်ဆံရေးမျိုးအား ဆက်လက် ထိန်းသိမ်းထားဖို့ရာ သဘောတူခဲ့မိခြင်းက အမှားတစ်ခုပင် ဖြစ်နေလေမလားဟု သံသယဖြစ်စ ပြုလာရပါလေတော့၏။အကြောင်းမှာ ဤ ကောင်စုတ်ကလေး၏ သက်လုံအားက ကောင်းလွန်းနေခဲ့ရ၍.....
သူ၏ အစီအစဉ်များကို ပို၍ ထိခိုက်နေစေတော့သည်သာ။
ဟော့ယွီက သူ့နံဘေးတွင် ပျင်းရိပျင်းတွဲ လဲလျောင်းရင်း လက်ချောင်းလေးများက သူ၏ အနည်းငယ် ခပ်ရှည်ရှည်ကလေး ဖြစ်နေသော ဆံနွယ်နက်နက်ကလေးများကို လိမ်ကစားနေခဲ့ရလျက်သား။
“ ကော၊ ခုနက ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က အဆင်ပြေလား ”လူငယ်တို့၏ အာသာဆန္ဒများကား ပေါများလွန်းလှစွာ။ ရှဲ့ချင်းချန်၏ မျက်နှာထက်၌ ရမ္မက်လေး အနည်းငယ်မျှ ပေါ်လာသည်ကိုသာလျှင် မြင်လိုက်ရသရွေ့ ဟော့ယွီအတွက် မြီးညှောင့်ရိုးတွင် လျှပ်စီးဓာတ်တို့ ထိုးတက်လာရပါသည့်သဖွယ် ပင်ပန်းမှု မှန်သမျှ မေ့လျော့သွားရလိမ့်မည်ပေ။ လူငယ်ကောင်လေး၏ စွမ်းအင်များကား အဘယ်သို့နှယ်မှ သုံးမကုန်နိုင်လေသယောင် အကြင်သူဟာ လိုချင်ပြီးရင်းသာ လိုချင်နေခဲ့ရစွာ။
သူ့ကို ရှင်းထုတ်နိုင်ရုံသက်သက် သူနှင့် အိပ်ခဲ့သည့် ရှဲ့ချင်းချန်နှင့်တော့ မတူပါပေ။
ပစ္စုပ္ပန်တွင် ရှဲ့ချင်းချန်၏ ခန္ဓာကိုယ်က သူ့အတွက် စိတ်ငြိမ်ဆေးတစ်မျိုးနှယ်။
ရှဲ့ချင်းချန်၏ အပြောအဆိုများက မည်မျှပင် ခက်ထန်နေခဲ့ရစေကာမူ၊ အပြုအမူများက မည်မျှပင် ပြတ်သားနေခဲ့ရစေကာမူ ဟော့ယွီဟာ အကြင်သူနှင့် အိပ်လိုက်ရသရွေ့ လူဟာ တည်ငြိမ်လာရပြီး၊ စိတ်သဘောထားလေးဟာလည်း ပြေပြစ်လာရတော့စွာ။
သူ၏ စိတ်အခြေအနေဟာ ညင်သာလာရတော့ပြီး၊ မတိုင်ခင်လေးကမှ အချေအတင် ဖြစ်ခဲ့ရမှုများဟာလည်း ဤ အခိုက်တွင်တော့ ဘာမှ မဟုတ်ကြပါတော့သည့်နှယ်။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။