ဟင်း၊ လူသတ်မှုနဲ့ ထပ်ကြုံကြရပြန်ပြီ။
ရှဲ့ချင်းချန်နှင့် ဟော့ယွီတို့ကား ပြဇာတ်ရုံထဲမှ နောက်ဆုံးမှ ထွက်လာခဲ့ကြသူများ ဖြစ်ပါ၏။
သူတို့ အပြင်ဘက်သို့ ရောက်ရှိသွားကြချိန်တွင် ကျောင်းသား၊ ကျောင်းသူများသည် ဆရာ၊ ဆရာမများနှင့် ရဲအရာရှိတို့၏ လမ်းညွှန်မှုများ အောက်၌ အုပ်စုများ ဖွဲ့၍ အဆောင်ရှိရာဆီသို့ ပြန်သွားနေကြသည်ကို မြင်လိုက်ကြရကာ၊ ကျောင်း၏ အသံလွှင့်ဌာနမှသည် အသိပေးချက် ထုတ်ပြန်လာပါလေ၏:“ ကျောင်းသား၊ ကျောင်းသူများ အားလုံးပဲ စိတ်အေးအေးထားကြပါ၊ တစ်ယောက်တည်း လျှောက်သွားမနေကြပါနဲ့၊ ကျောင်းသူ၊ ကျောင်းသားတို့အနေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ ရှိနေခဲ့ရင် အသင်တို့ရဲ့ ဆရာ၊ ဆရာမများ၊ အခန်းဖော်များ၊ အတန်းဖော်များကို ဆက်သွယ်ထားကြပါ၊ အားလုံးပဲ အဆောင်ကို စီတန်းပြန်ကြဖို့ မေတ္တာရပ်ခံပါတယ် …... ”
သို့တိုင် အသံထုတ်လွှင့်မှုဟာ ကျောင်းသား၊ ကျောင်းသူတို့၏ အုန်းအုန်းကျွက်ကျွက် အသံများကို ဖိနှိပ်နိုင်ခြင်းငှာ မစွမ်းသာချေဆဲပင်။
အပြင်ဘက်ရှိ လူတိုင်းမဟူ၏ မျက်လုံးတို့မှာ မိမိတို့၏ ဖုန်းများ၊ သို့မှမဟုတ် ကျောင်း၏ အထင်ကရ အဆောက်အအုံကြီး ဖြစ်သည့် —— ဟုကျိုးတက္ကသိုလ်၏ ရုပ်သံလွှင့်မျှော်စင်ထက်တွင် မြဲမြံနေကြလျက်သား။
ယင်းမှာ ရေဒီယိုနှင့် ရုပ်သံလွှင့်ဌာန ကျောင်းသားများ အတွက် ကျောင်းမှ အထူးတလည် ဆောက်လုပ်ပေးထားသော အထပ်မြင့် အဆောက်အဦကြီးတစ်ခု ဖြစ်ပါ၏။ တရားဝင် ရုပ်သံလွှင့်ရုံအတိုင်း တိတိပပ တုပတည်ဆောက်ထားလေကာ၊ မျှော်စင်ကိုယ်ထည်ကြီး တစ်ခုလုံးကို အလင်းရောင်များဖြင့် အပြည့်အဝ ထွန်းညှိထားနိုင်သည်ပေ။
သို့သော် ယခုအခိုက်တွင်တော့မူ ထိန်းချုပ်ရေးစနစ်မှာ ဟတ်ကာများထံမှ အပိုင်စီးခံထားရလေပြီ။ ရုပ်သံလွှင့် မျှော်စင်ကြီး တစ်ခုလုံးကား မျက်စိကျိန်းဖွယ် အနီရောင်စူးစူးတို့ အဖြစ်သို့ အံသေအပြောင်းလဲခံထားရလေသည်မှာ မြေပထဝီထက်၌ အင်ဖြင့်အားဖြင့် ထိုးစိုက်ခံထားရသော သွေးစွန်းနေသည့် ဓားထက်ထက် တစ်လက်သို့နှယ်။ အထက်ဘက်၌မူ ကီလိုမီတာ အချို့ခန့် အဝေးကပင်လျှင် ပြတ်ပြတ်သားသား လှမ်းမြင်နိုင်လောက်မည့် စာလုံးမည်း တင်ထားသော စာကြောင်းရေ အချို့ကို ထိုးပြထားလေလျက်။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။