ကျွန်တော်လည်း ချန်မန့်နဲ့ တွေ့ခဲ့ရတယ်။
ရှဲ့ချင်းချန်သည် ခေါင်းလှည့်ကြည့်လိုက်မိပါ၏။ တိုက်ဆိုက်လွန်းလှသည်ပေ။ ယနေ့၌ သုဿန်ထဲတွင် လျှော့ဈေး အရောင်းပွဲတော်ကြီးများ ရှိနေရလေသလား?အဘယ်သို့ ဖြစ်၍များ ယနေ့ကျမှ လူတိုင်းဟာ သုဿန်ဆီသို့ အပြေးအလွှား လာရောက်လည်ပတ်နေကြရပါသနည်း။
သူ၏ ရှေ့မှောက်၌ ရပ်နေကြသူများမှာ ယခင်က သူ့၏ ဆေးကျောင်းမှ လုပ်ဖော်ကိုင်ဖက်များပေ။
လုပ်ဖော်ကိုင်ဖက် ဟု ဆိုသည့်တိုင် စင်စစ်မူ ထိုသို့နှယ် မှတ်ယူ၍ မရပါပေ။ အကြင်သူတို့တစ်တွေမှာ ချင်စီယန်၏ တပည့်များ ဖြစ်ကြပေကာ၊ အများစုမှာ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသရေး ဌာနမှ ဖြစ်ကြပြီး ရှဲ့ချင်းချန်နှင့် ဌာန မတူညီကြပါချေ။
ရှဲ့ချင်းချန်က ပြောလိုက်ပါလေ၏:“ ...... မတွေ့တာ ကြာပြီ ”
အနှီ ဆရာဝန်များကြားတွင် မတိုင်ခင်ညက အရေးပေါ် ကုသရေး ဌာနထဲတွင် ရှဲ့ချင်းချန်အား ဆလိုင်းပုလင်း လဲပေးခဲ့သည့် သူနာပြုကျိုးလည်း ရှိနေခဲ့ပေသည်။
သူနာပြုကျိုးမှာ ဧကန်စင်စစ်ပင် ရှဲ့ချင်းချန်နှင့် အစေးမကပ်လွန်းလှပါပေ။ သူ(မ)၏ စရိုက်သကန်မှာ အလွန်တရာပင် ဆတ်ကျဲကျဲနိုင်လှပြီး၊ တဲ့တိုးဆန်သူတစ်ယောက်ပါပေ။ သို့ဖြင့် သူ(မ)သည် သူ့ကို တစ်ခဏတာမျှ ပြူးကြည့်နေခဲ့မိပြီးနောက် မနေနိုင်စွာပင် ဆိုမိလိုက်ပါလေတော့၏:“ ရှဲ့ချင်းချန်၊ ရှင် ဒါ ဘာသဘောလဲ?ရှင် ...... ရှင်က ချင်-လောင်ရှစ်ရဲ့ အုတ်ဂူဆီ ဘာလာလုပ်နေတာလဲ? ”
“ ...... ”
“ ရှင် မြန်မြန် ထွက်သွားပါတော့။ ချင်-လောင်ရှစ်ရဲ့ အုတ်ဂူ ဆိုတာ ရှင့်လိုလူမျိုး လာဂါရဝပြုသင့်တဲ့ နေရာ မဟုတ်ဘူး ”
ရှဲ့ချင်းချန်:“ ကျုပ်ဘက်ကလည်း ဂါရဝပြုဖို့ရာ အစီအစဉ် မရှိပါဘူး၊ အမှုမဲ့အမှတ်မဲ့ ဖြတ်သွားမိရုံပါပဲ ”
“ ရှင်——! ”
သူ့ထံမှ သို့နှယ် စကားကို ကြားလိုက်ကြရရာ၌ နံဘေးမှ ဆရာဝန်အချို့သည်လည်း သည်းမခံနိုင်ကြတော့ပါပေ။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။