သူ ချန်မန့်ကို သွားတွေ့ခဲ့တယ်။
ရှဲ့ချင်းချန်ကဲ့သို့နှယ် သံမဏိပမာ ဖြောင့်တန်းလေသော၊ ကာမဆန္ဒ နည်းပါးပါသည့် ယောက်ျားဘသား တစ်ယောက်အဖို့ သူ့ကိုယ်သူအား ကောင်ကလေး တစ်ယောက်ထံမှ လူယုတ်မာကြီးဟု စိတ်ထဲမှသည် အဆဲခံနေရသော တစ်နေ့ ရှိလာလိမ့်မည်ဟု စင်စစ်ပင် မတွေးကြည့်ခဲ့ဖူးလောက်ပါပေ။
ထို့ထက် ပိုသည်မှာ အနှီ ကောင်ကလေးသည် ရှေ့နေ့ညကမှ လူယုတ်မာပေါက်စသဖွယ် သူ့ကို ကိုယ်အောက်တွင် အသေဖိ၍ အတင်းလည်း နမ်းခဲ့ပေသေး၏။ သွေးပူစွာဖြင့် အသက်ရှူပြတ်လုမတတ် အလောတကြီး နမ်းရှိုက်ခဲ့သည်မှာ လျှာကိုပင် ထိုးထည့်ချဲ့ထွင်ခဲ့တော့မတတ်နီးပါး။
ဤ ဖြစ်ရပ်မှသည် ယနေ့ခေတ် ကျောင်းသားလူငယ်လေးအချို့သည် ကိုယ်၌၏ ချောမောလှပခြင်းကို အမှီသဟဲပြု၍၊ ကိုယ်၌၏ ထူးချွန်ပြောင်မြောက်သော အဆင့်များကို အမှီသဟဲပြု၍၊ ကိုယ်၌၏ အသက်အရွယ်သည် လွန်ခဲ့သော နှစ်ရာချီခန့်တွင်ဆို အသက်မပြည့်သေးသူ တစ်ယောက်မျှသာ ဖြစ်နေသေးသည်ကို အမှီသဟဲပြု၍ ဧကန်ကိုပင် အကြောင်းမဲ့ ပြဿနာရှာတတ်လွန်းကြသည်ကို မြင်နေနိုင်ပါ၏။
အကြောင်းမဲ့ ပြဿနာရှာသူ ထိပ်တန်းကျောင်းသားလေးမှာ သူ၏ အသည်းကွဲဒဏ်ရာကို သရုပ်ဆောင်ခြင်းဖြင့် သက်သာရာရအောင် ပြုလုပ်ခဲ့ပေသည့်တိုင် ဤ ဇာတ်လမ်းထဲတွင် သူသည် အစားထိုး ဇာတ်ဆောင်မျှသာ ဖြစ်ပြီး၊ ဇာတ်ကောင်၏ အခန်းမှာလည်း မများလှပေ။ ထို့ပြင် ဇာတ်လမ်းတွဲ ဘာသာ၌ကပင် အလွန်တရာ တိုတောင်းလှသဖြင့် မရှေးမနှောင်းတွင်ပင် ရိုက်ကူးရေးတို့ကို လက်စဖြတ်ပြီးသွားခဲ့လေကာ၊ ကျောင်းသို့ ပြန်လာဖြစ်ခဲ့ပေတော့၏။
ပြန်မသွားခင်တွင် သူသည် ရှဲ့ချင်းချန်ထံသို့ စာတိုတစ်စောင် ပို့လိုက်ပေသည်။ ထို့နောက်မူ ခရီးဆောင်အိတ်ကို ဆွဲ၍ ဟိုတယ်ထဲမှ ထွက်ခွာခဲ့တော့၏။
.
ဟော့ယွီ ကျောင်းသို့ ပြန်လာသည့် အနှီနေ့တွင်ပင် ချန်မန့်က မနက်အစောပိုင်း၌ ရှဲ့ချင်းချန်ကို လာဖိတ်ခေါ်၍ သုဿန်သို့ အတူတကွ သွားရောက်ဖြစ်ခဲ့ကြတော့သည်။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။