- ၁၇ -

92 24 4
                                    

သူနဲ့ ကျွန်တော်တို့ နှစ်ယောက်သား ပိတ်မိနေခဲ့ကြတယ်။

ချန်ကန်း စိတ်ကျန်းမာရေး ဆေးရုံ အမှုပြီးသွားသည့် နောက်တွင် ရှဲ့ရွှယ်ဟာ ကျောင်း၏ ရာဇဝင်တွင် ဆရာမ ဖြစ်သွားခဲ့လေ၏။

ဟောပြောစင်မြင့်ထက်သို့ သူ(မ) ပြန်ရောက်လာသည့် နောက်ပိုင်း၌ နောက်ကျမှ ရောက်လာသော ကျောင်းသား၊ မပြောမဆိုနှင့် စောစောစီးစီး ထွက်သွားသော ကျောင်းသား ဟူ၍ တစ်ယောက်တစ်လေမျှပင် မရှိတော့ပေ။ အတန်းတိုင်း၌ စာသင်ခန်းတို့ အပြည့် ဖြစ်နေတတ်ကာ၊ အခြားအတန်းမှ ကျောင်းသားများသည်လည်း လုပ်စရာ မရှိလျှင် အတန်းထဲတွင် လာလာထိုင်တတ်ကြလေ၏။ ယုတ်စွအဆုံး သရုပ်ဆောင်တန်းမှ စတုတ္ထနှစ် အတန်း၏ အတန်းမြက်လေးပင်လျှင် သူ(မ)အား ယောင်တောင်ပေါင်တောင်နှင့် လာ‌ရောက်ရှုမျှော်လိုက်ပေသေး၏။ ‌အယောက်စေ့သော ကျောင်းသားတိုင်းမှာ မူမမှန်သော လူသတ်သမား လက်အောက်မှ လွတ်မြောက်ခဲ့သည့် ဤ ဒဏ္ဍာရီလာ မဟာရွှေငါးကြီးအား တွေ့မြင်ဖူးချင်နေကြလေသည်။

သည့်အပြင်၌ လွန်လွန်ကဲကဲ ယုံတမ်းစကားများပင် ရှိသေးပေသည်။ ရှဲ့ရွှယ် ဓာတ်ပုံအား ထုတ်၍ အဆောင်တံခါးပေါ်တွင် ချိတ်ထားသော် တစ်ဆောင်လုံး စာမေးပွဲ မကျနိုင်တော့ ဟူ၍။

သို့သော် ရှဲ့ရွှယ် တစ်ယောက်မှာတော့မူ အကြောင်းအရင်းကို ဂဃဏန မသိပါဘဲ သူ(မ)၏ Screenwriting & Directing အတန်း အပေါ်၌ စိတ်ဝင်စားမှုများ မကြုံစဖူး ဟုန်းဟုန်း ထလာရခြင်းမှာ မိမိသင်သော အတန်းက လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းခြင်းကြောင့်သာ ဖြစ်မည်ဟု သူ(မ)ကိုယ်သူ(မ) ယုံကြည်မှုလွန်ကဲစွာ တွေး‌ခဲ့လေ၏။

“ အိုင်းယား၊ ငါလေးက တကယ်ကိုပဲ အသင်အပြ ကောင်းတဲ့ ပါရမီရှင်ဆရာမ‌လေးပါလား ” ရှဲ့ရွှယ်မှာ သူ(မ)ကိုယ်သူ(မ) နှစ်ထောင်းအားရစွာဖြင့် သူ(မ)ထံသို့ ကျောင်းသားများ၏ Assignmentများ လာထပ်ပေးသော ဟော့ယွီထံသို့ ပြောလိုက်ပါလေ၏။

“ အိုင်း၊ ဟုတ်သားပဲ ဟော့ယွီ မင်းလည်း အတော်လေး အဆင်ပြေလာပြီမလား?ကျောင်းက မင်းကို ဆုချချင်လို့တဲ့၊ မီးခင်းထဲကို ပြေးဝင်သွားတဲ့ ဇွတ်တရွတ်ဆန်တဲ့ အပြုအမူမျိုးက အတုယူဖို့ မထိုက်ပေမဲ့ ပါချုပ်က မင်းရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးနဲ့ သတ္တိရှိမှုကတော့ ချီးမြှောက်ဖို့ ထိုက်တန်တယ်တဲ့လေ ...... ”

ဆေးမှတ်တမ်းချုပ်Where stories live. Discover now