- ၂၃ -

90 19 0
                                    

ကျွန်​တော်တို့တွေ ပါဝင်ပတ်သက်ခဲ့မိကြတဲ့ လူသတ်မှုက နိဂုံးမချုပ်နိုင်သေးဘူး။

ရက်အနည်းငယ် အကြာ၌။

ရှဲ့ချင်းချန်မှာ အလုံးစုံ အဖျားသက်သာလာရပြီပင်။

ယနေ့၌ သူနှင့် ရှဲ့ရွှယ်တို့ နှစ်ဦးသားမှာ ဟုသာ့၏ ကန်တင်းတွင် ထမင်းစားဖြစ်ကြ၏။ ပန်းကန်လုံးထဲမှ ကြက်သားဆန်ပြုတ်ကို မြင်မိသည်နှင့် ရှဲ့ချင်းချန်မှာ ဟော့ယွီကို သူ မတွေ့ဖြစ်သည်မှာပင် ရက်အတန်ငယ် ကြာခဲ့ရပြီ ဖြစ်ကြောင်း ရုတ်တရက် အမှတ်ရလာမိပေတော့၏။ ထို့ပြင် Moments တွင်လည်း အကြင်သူနှင့် စပ်ဆိုင်သော အဘယ်သတင်းကိုမျှ မတွေ့ဖြစ်သည်ကိုရောပင်။

သူသည် မျက်ခုံးကြုတ်လိုက်မိလေတော့ကာ၊ ထိုနေ့က ဟော့ယွီတစ်ယောက် မူမမှန် ဖြစ်နေခဲ့သည်ကို သတိရမိသွားပါလေတော့၏။

ရှဲ့ချင်းချန်သည် အလွန်တရာပင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ကြီးမားသည့် လူတစ်ယောက်ပင် ဖြစ်လင့်ကစား သူသည် အလုံးစုံ ခံစားချက် မရှိသူတော့ မဟုတ်ပါပေ။ သည့်အပြင် သူသည် ဟော့ကျိဝေးထံတွင်လည်း အကြင်သူ့အစား ဟော့ယွီအား စောင့်ရှောက်ပေးဖို့ရာ သဘောတူထားဖြစ်ခဲ့သေးပေ၏။

သို့ဖြင့် ရှဲ့ရွှယ်တစ်ယောက် နေ့လယ်စာလင်ဗန်းလေးအား ကိုင်လျက် သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်နှင့် ရှဲ့ချင်းချန်သည် ဟော့ယွီ၏ လတ်တလော အခြေအနေအား သူ(မ)ထံသို့ မေးမြန်းဖြစ်လိုက်ပါ၏။

အစ်ကိုဖြစ်သူ၏ အမေးစကားနှင့် ရင်ဆိုင်ရရာတွင် ရှဲ့ရွှယ်မှာ ရုတ်တရက်ကြီး မျက်လုံး ပြူးလာရလိမ့်မည် ဟု မည်သူ သိနိုင်ပါအံ့:" အာ?ကော မသိဘူးပေါ့?သူက ဟန်-ရှစ်ကို သွားပြီး ဇာတ်ကားရိုက်ဖို့ ခွင့်ယူထားတာလေ၊ ကောကို သူ မပြောထားဘူးလား? "

ရှဲ့ချင်းချန်၏ လက်ထဲမှ တူတစ်စုံမှာ တဒင်္ဂမျှ တန့်သွားရပြီး:" သူက Screenwriting & Directing ပိုင်းကို တက်နေတာ မဟုတ်ဘူးလား? "

" အိုင်း၊ ကာလတိုလေးရယ်ပါ၊ တခြားသရုပ်ဆောင် တစ်ယောက် အစား ကူညီပြီး အစားဝင် သရုပ်ဆောင်ပေးရမဲ့ ဇာတ်ပို့ဇာတ်ကောင်လေးတင်ပါ။ ကျောင်းဂိတ်ဝမှာ သူ မနက်စာ ဝယ်နေတုန်းက သူ့အပေါ် မျက်စိကျသွားကြတာလေ၊ သူကိုယ်တိုင်ကလည်း စိတ်ဝင်စားမှု နည်းနည်းပါးပါး ရှိနေတာနဲ့။ အမှန်အတိုင်း ပြောရရင် သူ့ရဲ့ အဲ့ဒီလို ရုပ်ရည်နဲ့ကတော့ နောက်ပိုင်းကျရင် စတိတ်စင်ရှေ့မှာ အလုပ်လုပ်ရမလား၊ ပိတ်ကားနောက်ကွယ်မှာ အလုပ်လုပ်ရမလား ဆိုတာ တကယ်ကို ပြောမရပါဘူး။ ပြီးတော့ သူက ရည်မှန်းချက် ကြီးတဲ့သူလည်း ဖြစ်နေတော့ အတွေ့အကြုံ စုဖို့ အခွင့်အလမ်းသာ ရှိလာရင် လက်လွတ်ခံမှာ မဟုတ်ဘူးရယ် "

ဆေးမှတ်တမ်းချုပ်Where stories live. Discover now