အကြောင်းက အမှန်တရား ဆိုတာ ဘယ်တုန်းကမှ အဓိပ္ပါယ်မမဲ့ခဲ့လို့ပဲ။
ငါးမိနစ် ကြာပြီးနောက်။
ငါးမိနစ် အတွင်း၌ အရာအားလုံး အဆုံးသတ်သွားလိမ့်မည် ဟု လူယွိကျူး ထင်ခဲ့မိ၏။
စနက်တံ၏ ချောက်-ချက်-ချောက်-ချက် မြည်သံမှာ မြေအောက်ခန်းတွင်း၌ ပဲ့တင်ထပ်နေခဲ့ရ၏။ သူ(မ) ဘဝလေး အေးချမ်းတည်ငြိမ်သေးခဲ့စဉ် လွန်လေခဲ့သော အနှီ အချိန်များတုန်းက ကောင်တီမြို့ငယ်လေးထဲရှိ သူ(မ)၏ အိမ်ဟောင်းလေး အတွင်းမှ ချိန်သီးနာရီသို့နှယ် ချောက်-ချက်-ချောက်-ချက်ဖြင့် စည်းချက်မှန်မှန် တီးခတ်နေရလျက်။
အနှီ အချိန်က သူ(မ) တွေးထင်ခဲ့မိ၏။ မိမိဟာ သည်ဘဝ တစ်လျှောက်လုံးကို အေးချမ်း၊ ချောမွေ့စွာ ဖြတ်သန်းသွားရလိမ့်မည် ဟု။ရုတ်တရက်——
ထိုစဉ်က အနှီ လူငယ်ဂျာနယ်လစ်ထံမှ သူ(မ) ဘဝလေး တစ်စစီ ရိုက်ခွဲခံလိုက်ရသကဲ့သို့နှယ် ရုတ်တရက်။သေခြင်းတရား countdownမှာ မမျှော်လင့်ဖွယ်ရာကောင်းစွာပင် ရပ်သွားရ၏။
ထိုစဉ်ခိုက်မှာပင် လူယွိကျူးသည် ကျောဘက်ရှိ ဓာတ်လှေကား အခန်းထဲမှ မြည်ဟည်းသံ ခပ်အုပ်အုပ်ကို ကြားလိုက်ရလေ၏။
သူ(မ)သည် ရုတ်ချည်းပင် ကိုယ်ကိုလိမ်၍ ခေါင်းလှည့်ကြည့်လိုက်မိ၏။ ထိုတွင် ဓာတ်လှေကားခန်း တံခါးမှာ တဖြည်းဖြည်းဖြင့် ပွင့်ဟလာသည်ကို တွေ့မြင်လိုက်ရပါ၏။ အထဲ၌ ရပ်နေခဲ့သူကား အရပ်အမောင်း ထောင်ထောင်မောင်းမောင်းနှင့် ပခုံးကျယ်၍ ခြေတံရှည်သော အမျိုးသားတစ်ယောက်ပင်။ လှပသော မက်မွန်ပွင့် မျက်ဝန်းများထဲ၌ကား စူးရှသော မီးလျှံစတို့ဖြင့် တောက်လောင်နေရလျက်။ရှဲ့ချင်းချန်သည် မီးခိုးရောင် ဓာတ်လှေကားခန်းထဲမှသည် လှမ်းထွက်လာခဲ့လေကာ၊ အကြည့်များဟာ သူ(မ)၏ ရင်ဝသို့ ငုတ်တိုင်ပမာ ထိုးစိုက်လာခဲ့ပေ၏။
ဟော့ယွီ၏ ခန့်မှန်းချက်ကား အနည်းငယ်မျှပင် မှားယွင်းခြင်း မရှိခဲ့ပါပေ။လူယွိကျူးဟာ ဤနေရာ၌ ရှိနေခဲ့ပေ၏။ မော်ကွန်းတိုက်ထဲသို့ မဝင်ခင်က ဖုန်းထဲတွင် သူ ဒေါင်းယူထားခဲ့သော ပုံပွားဆော့ဖ်ဝဲထံမှသည် အားကောင်းသော ဆစ်ဂနယ် သတိပေးချက်တို့ အစပျိုးလာခဲ့လေ၏။ ကွင်းဆက်ကို ဟော့ယွီ ဖြန့်ကြက်စစ်ဆေးကြည့်လိုက်ရာ၌ ဤနေရာတွင် ဖြန့်ချထားသည့် စနက်တံကိုပင်လျှင် တွေ့ရှိခဲ့ပေ၏။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။