ကျွန်တော်က ဂေး မဟုတ်ဘူး။
ခေါင်းစခြေဆုံး ဆန့်ကျင်ဘက်လိင်ကိုပဲ သဘောကျတတ်သူကြီးဟာ ရှဲ့ချင်းချန်၏ ဘလော့စာရင်းထဲမှ သူ့ကိုယ်သူ ပြန်ထုတ်ပေးဖို့ရာ မေ့သွားခဲ့ပြန်လေ၏။
နောက်ပိုင်း၌လည်း သူဟာ ရှဲ့ချင်းချန်နှင့် အကြိမ်ပေါင်းများစွာ တွေ့ဖြစ်ခဲ့ပါသော်ငြား အကြိမ်တိုင်းတွင် ရှဲ့ချင်းချန်နှင့်သာ လုံးထွေးနေချင်၊ အကြင်သူ့ကိုသာ များများ ပိုပွေ့ဖက်ချင်နေခဲ့မိ၍ အိမ်ပြန်ရောက်ခါမှသာ——ဟာကွာ၊ ဝေးရှင့် အပ်ဖို့ မေ့ခဲ့ပြန်ပြီဟု ရုတ်တရက် သတိရမိသွားတတ်လေသည်။
စင်စစ်တွင်ဖြင့် ဟော့ယွီဟာ မှောင်ခိုနည်းပညာကို တိုက်ရိုက် အသုံးချ၍ ရှဲ့ချင်းချန်၏ အဆက်အသွယ်ထဲသို့ သူ့ကိုယ်သူ အလုံးစုံ ပြန်ထည့်နိုင်စွမ်း ရှိသည်သာ။
သို့တိုင် သူဟာ ထိုသို့ မလုပ်ဖြစ်ခဲ့။ အကြောင်းမှာ သို့နှယ် လုပ်လိုက်ခြင်းအားဖြင့် တစ်ဖက်သားကို အပ်ရသည့် ရည်ရွယ်ချက်က ပျောက်သွားသည် ဟု ခံစားရသဖြင့်။
ထို့ပြင် ရှဲ့ချင်းချန်၏ လက်ရှိ သူ့အပေါ် ဆက်ဆံပုံဟာလည်း သူ့ကို အတန်ငယ် မသက်မသာ ဖြစ်စေပါ၏။ အကြင်သူဟာ သူ့အပေါ် ဆူပူကြိမ်းမောင်းမှုပင် မရှိတော့သလောက်နီးပါး ဖြစ်ကာ၊ သူနှင့် အလုပ်သဘော အရလိုသာ အိပ်ပေးနေခဲ့သည်မှာ အလုပ်တက်နေရသကဲ့သို့၊ ဖောက်သည်နှင့် ဆက်ဆံနေရပါသကဲ့သို့။ ထို့နောက်တွင်တော့ သူ့ကို လျစ်လျူရှုသွားတတ်တော့သည်သာ။
တစ်နည်းအားဖြင့် ပြောရပါလျှင် အကြင်သူ့ဘက်က သူ့ကို ဂရုထားသည့် အချိန်ဟူ၍ နည်းပါးလွန်းသွားခဲ့၏။ဟော့ယွီဟာ အစပိုင်းတွင်တော့ ကာမအမှုများထဲ၌ မွေ့လျော်နေမိခဲ့ပေသော်ငြား နောက်ပိုင်းမူ အတန်ငယ် ခံစားရခက်လာရှာပါတော့၏။ ယခင်က ရှဲ့ချင်းချန်ဟာ ဘယ်ရောက်သွားရလေမှန်း သူ မသိတော့။ သူ့ကို ဂရုထားပေးခဲ့ဖူး၊ ဆူပူကြိမ်းမောင်းနေခဲ့ဖူးသည့် ယခင်က ရှဲ့ချင်းချန်၏ ပုံရိပ်တချို့ကို အကြင်သူ့၏ ခန္ဓာကိုယ်ထဲမှ သူ မြေလှန်ရှာပစ်ချင်လာမိရပါ၏။
သူ့ကို လိမ်ညာနေလျှင်ပင် ၎င်းဟာ သူ့ကို အာသာပြေစေနိုင်သည့် အဆိပ် ဖြစ်နိုင်သေးသည်ပင်။
သို့တိုင် ရှဲ့ချင်းချန်ဟာ ထိုသို့ မပြုလုပ်ခဲ့။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Любовные романыစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။